အပိုင်း ၃၁ တစ်​ညတာ အတူတူအိပ်​ခြင်း. အဲ့​နောက်​____ရှိုရှို.... ငါ့ဟာ မာလာပြီ

12.5K 1.5K 78
                                    

((Zawgyi))

အပိုင်း ၃၁
တစ်​ညတာ အတူတူအိပ်​ခြင်း.
အဲ့​နောက်​____ရှိုရှို.... ငါ့ဟာ မာလာပြီ

၂၅ ရက်​​မြောက်​​နေ့ | တစ်​ညတာ အတူတူအိပ်​ရန်

"အင်း ဒီလိုဆို ငါတို့နှစ်​​ယောက်​လုံးရဲ့ ဆန္ဒ​တွေပြည့်​သွားပြီ"

ဝမ်​ကွမ်းနင်​ ဘာမှမဖြစ်​သလိုပဲ မျက်​ခုံးကို ပင့်​လိုက်​တယ်​. သူဟာ ပြုံးလိုက်​ကာ ကျန်းလင်​ရိကို လွှတ်​လိုက်​တယ်​.

"၀မ်​ကွမ်းနင်​... မင်းက တကယ်​ပဲ....."

ကျန်းလင်​ရိ အမူအရာဟာ မဲ​မှောင်​သွားတယ်​. သူဟာ စိတ်​ဆိုးသင့်​​ပေမယ့်​ သူ့​ဒေါသထဲမှာ သူမ​ဖော်​ပြချင်​တဲ့ စိုးရိမ်​ပူပန်​မှု​တွေပါဝင်​​နေတယ်​. ၀မ်​ကွမ်းနင်​အတွက်​​တော့ ဒါက ကစားစရာဂိမ်းတစ်​ခု ဖြစ်​​ကောင်းဖြစ်​နိုင်​တယ်​. တကယ်​လို့ ကျန်းလင်​ရိသာ ဒါကိုအတည်​ယူလိုက်​ရင်​ ဟာသသက်​သက်ပဲဖြစ်​သွားလိမ့်​မယ်

ကျန်းလင်​ရိဟာ သူတို့မုတ်​ဆိတ်​အတူတူရိတ်​ကြတုန်းက ဒီလိုကိစ္စမျိုး သူလုပ်​ခဲ့ဖူးတာ ပြန်​သတိရသွားတယ်​. ဒါ​ပေမယ့်​ အဲ့ဒါက မ​တော်​တဆ​လေ. ခုကိစ္စကို ​တွေးကြည့်​ရင်​ အဲ့တစ်​​ခေါက်​တုန်းက ဖြစ်​ခဲ့တာ​ကြောင့်​ ၀မ်​ကွမ်းနင်​ ဒီလုပ်ရပ်​​မျိုးလုပ်​ရဲတာ ဖြစ်​နိုင်​တယ်​. ဘာပဲဖြစ်​ဖြစ်​ ဒါက ပထမဆုံးအကြိမ်​​တော့ မဟုတ်​ဘူး​လေ

ဒီလိုဆို သူ့မှာ ဘာစိတ်​ဆိုးပိုင်​ခွင့်​ရှိမှာလဲ?

ကျန်းလင်​ရိ ၀မ်​ကွမ်းနင်​ကို ​ငေးကြည့်​​နေတယ်​. သူမျက်​နှာအမူအရာက​တော့ သုန်​မှုန်​​နေတာပဲ. ​နောက်​ဆုံး​တော့ သူ​ဒေါသအိုး​ပေါက်​ကွဲသွားတယ်​. သူ့ဟာ ၀မ်​ကွမ်းနင်​ရဲ့ အနမ်း​နောက်​ကွယ်​က ဘာအဓိပ္ပါယ်​လဲလို့ ​မေးဖို့ရာ သတ္တိမ​မွေးနိုင်​ဖြစ်​​နေတယ်​.

ဘာဖြစ်​လို့လဲဆို​တော့ ဒီအနမ်းဟာ ဘာအဓိပ္ပါယ်​မှမရှိတာလဲ ဖြစ်​နိုင်​တယ်

ဝမ်​ကွမ်းနင်​ဟာ ကျန်းလင်​ရိ လက်​ရှိမှာ အ​ခြေအ​နေသိပ်​မ​ကောင်းတာ သိသွားတယ်​. တစ်​ချိန်​တည်းမှာ သူဟာ ​ဒေါသတကြီး ဖြစ်​မသွားသလို ဘာ​မေးခွန်းမှလည်း မ​မေးခဲ့ဘူး. ၀မ်​ကွမ်းနင်​ရဲ့ နှလုံသားဟာ တခဏ​လောက်​ ​မျှော်​လင့်​ချက်​မဲ့သွားတယ်​.ဒါ​ပေမယ့်​ သူဟာ လွယ်​လွယ်​နဲ့ စိတ်​မ​ကောင်းမဖြစ်​တတ်​သလိုပုံနဲ့ ​ပြောတယ်

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now