((Zawgyi))
အပိုင်း ၁၃
တစ်ယောက်ဆံပင်ကို တစ်ယောက် ခြောက်အောင် ကူသုတ်ပေးမယ် dryer မှုတ်ပေးမယ် ပြီးတော့ တစ်ယောက်ပေါင်ပေါ်တစ်ယောက် အိပ်ရင်း TV ကြည့်မယ်ဆယ်ရက်မြောက်နေ့ | တစ်ယောက်ဆံပင်ကိုတစ်ယောက် ခြောက်အောင် ကူသုတ်ပေးရန် dryer မှုတ်ပေးရန်, တစ်ယောက်ပေါင်ပေါ်တစ်ယောက် အိပ်ကာ TV ကြည့်ရန်, နှင့် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် မုန့်ခွံကျွေးရန်
ကျန်းလင်ရိဟာ ကြပ်မပြည့်ဘူးဆိုပေမယ့် ဧည့်သည်လာတဲ့အချိန်မှာ ဧည့်ဝတ်ဘယ်လို ကြေပွန်ရမယ်ဆိုတာသူကောင်းကောင်းသိတယ်.သူရဲ့ အိမ်က အများအားဖြင့် လူမနေတဲ့အတွက် သစ်သီးလိုစားစရာမျိုးတော့ သူရှာမတွေ့ဘူး ဒါပေမယ့် သူဟာ မုန့်ထုတ်တွေ ဘီစကစ်တွေ သရေစာတွေနဲ့ အသားခြောက်ထုတ်တွေကို ရှာတွေ့လာတယ်. ဒီစားစရာတွေက အတော်လေးနေရာယူတာကြောင့် စားပွဲကို မတင်ဘဲ ကြမ်းပြင်ပေါ်မှာပဲ သူ တိုက်ရိုက် ပုံထားလိုက်တယ်
တောင်ပိုင်းက အိမ်တွေဟာ အပူပေးစက်မတပ်ထားတတ်တာရယ် အခန်းတွင်းအပူချိန် နိမ့်တာရယ်ကြောင့် ကျန်းလင်ရိဟာ ၀မ်ကွမ်းနင် ချမ်းနေမှာ စိုးတယ်. ဒါနဲ့ သူဟာ ၀မ်ကွမ်းနင် ခြုံထားဖို့ ဂွမ်းကပ်စောင်တစ်ထည်ရှာလာတယ်.
ကျန်းလင်ရိအားလုံးကို အမြန်စီစဉ်ပြီး စာကြည့်ခန်းထဲလည်း ပြန်လာရော သူတွေ့လိုက်တာက ၀မ်ကွမ်းနင်ဟာ စာကြည့်စားပွဲခုံအပုလေးကိုြ ပြတင်းပေါက်နားကို ရွေ့ထားတယ်. သူ့တစ်ကိုယ်လုံးဟာ ပျော့အိနေတဲ့ ဆိုဖာထဲမှာ နှစ်ဝင်နေပြီး ပျင်ရိပျင်းတွဲနဲ့ ပြတင်းပေါက်ဘောင်ကို မှီထားတယ်. သူဟာ ဒူးခေါင်းနားမှာ ခြုံစောင်ကိုပတ်ခွေထားပြီး ကြမ်းပေါ်မှာလည်း သရေစာမုန့်ထုတ်တွေပုံလျက်သား ချထားတယ်
BINABASA MO ANG
အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)
RomanceF ယူနီဗာစီတီ ရဲ့ စွဲဆောင်မှု အရှိဆုံး ယောကျာ်း နှစ်ယောက်.... ၀မ်ကွမ်းနင် နဲ့ ကျန်းလင်ရိ ထိုလူငယ် နှစ်ဦးမှာ မည်သည့်ကိစ္စတွင်မဆို သူနိုင်ကိုယ်နိုင် အပြိုင်ကျဲကြမည်ဟု ကြွေးကြော်ကာ အမြဲပင် ယှဉ်ပြိုင်နေသော လူ နှစ်ယောက် သူတ...