((Zawgyi))
အပိုင်း ၄၂
အရုပ်ကောက်တာ အောင်မြင်မှာလား မအောင်မြင်ဘူးလား ဆိုတာ
ဝမ်ကွမ်းနင် ခန်းမအပြင်ဘက်ကို ပြေးထွက်လာခဲ့တယ်. ကျန်းလင်ရိကတော့ ဘယ်ရောက်သွားမှန်း မသိအောင် ပျောက်ကွယ်သွားတယ်ဝမ်ကွမ်းနင်က ခန်းမကြီးထဲကနေ ဟိုတယ်တံခါးပေါက်အထိရောက်အောင် ပြေးထွက်သွားတယ်. လမ်းမကြီးပေါ်မှာ လူတွေပြည့်နှက်နေပေမယ့် ကျန်းလင်ရိရဲ့ အရိမ်အယောင်ကို အစအနတောင်ရှာမရဘူး
ဝမ်ကွမ်းနင်ဟာ လမ်းမကြီးရဲ့တစ်ဘက်တစ်ချက်ကို အစုံအဆန်ကြည့်နေတယ်. ဒါပေမယ့် သူဟာ ကျန်းလင်ရိနဲ့ တူတဲ့သူတစ်ယောက်တောင် မတွေ့ဘူး. ၀မ်ကွမ်းနင်မှာ ရွေးချယ်စရာမရှိတဲ့အဆုံး ဖုန်းကိုထုတ်လိုက်ကာ ကျန်းလင်ရိဆီဖုန်းခေါ်လိုက်တယ်
ဖုန်းခေါ်သံ ခဏလောက်မြည်သွားပြီးနောက် တစ်ဖက်လူက ဖုန်းကိုင်လာတယ်
"ဟေး"
ကျန်းလင်ရိအသံက အနည်းငယ် အားပျော့နေတယ်.
"မင်း ဘာလို့ တစ်ဝက်တစ်ပျက်နဲ့ ထွက်ပြေးသွားရတာလဲ? အခမ်းအနားက မပြီးသေးဘူးလေ!"
"အဲ့တော့ ဘာဖြစ်လဲ?"
ကျန်းလင်ရိက ပြောလိုက်တယ်. သူ့အသံက သူ့ကိုယ်သူဖြစ်ချင်ရာဖြစ်ပါစေတော့ဆိုတဲ့ အရိပ်အယောင်တွေပါနေတယ်.
"ငါ့မှာ ဖက်ထားစရာ မိန်းမလှလေးမှ မရှိတာ"
အဲ့တော့ ကျန်းလင်ရိက ပွဲမပြီးခင် တစ်ဝက်နဲ့ ထထွက်သွားရတဲ့အကြောင်းက ရှရင်းချူကို သူ မနာလိုဖြစ်နေလို့ပေါ့လေ? နေစမ်းပါဦး သူမက ဘယ်နားမှာများ အားကျစရာကောင်းနေလို့လဲ?
ဝမ်ကွမ်းနင် တွေးလိုက်တယ်.
"ဘာပဲဖြစ်ဖြစ် မင်းက ကောင်မလေးရသွားပြီပဲ ငါဘာလုပ်နေလဲဆိုတာ ဂရုစိုက်နေသေးလား?"
YOU ARE READING
အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)
RomanceF ယူနီဗာစီတီ ရဲ့ စွဲဆောင်မှု အရှိဆုံး ယောကျာ်း နှစ်ယောက်.... ၀မ်ကွမ်းနင် နဲ့ ကျန်းလင်ရိ ထိုလူငယ် နှစ်ဦးမှာ မည်သည့်ကိစ္စတွင်မဆို သူနိုင်ကိုယ်နိုင် အပြိုင်ကျဲကြမည်ဟု ကြွေးကြော်ကာ အမြဲပင် ယှဉ်ပြိုင်နေသော လူ နှစ်ယောက် သူတ...