အပိုင်း ၂၇ မီးရှူးမီးပန်း​ဖောက်​ကြတဲ့အခါ......

9.4K 1.5K 107
                                    

((Zawgyi))

အပိုင်း ၂၇
မီးရှူးမီးပန်း​ဖောက်​ကြတဲ့အခါ......

၂၁ ရက်​​မြောက်​​နေ့ | မီးရှူးမီးပန်း​ဖောက်​ကြတဲ့အခါ တစ်​​ယောက်​နား​တွေကို တစ်​​ယောက်​ အပြန်အလှန်​​ အုပ်​ထား​ပေးရန်

ကျန်းလင်​ရိဘက်​က​နေ ပြန်​လည်​​ပြောဆိုလိုက်​ပြီးတဲ့​နောက်​မှာ ဒီ'ဟိုတယ်​ကိစ္စ'ဟာ တစ်​ဖက်​သက်​အမြင်​ကို ​ပြောင်းလဲသွားတယ်​. ဟို' F ယူနီဗာစီတီ ရဲ့ နံပါတ်​ ၀မ်း loser ကြီး' လူပုံအလယ်​မှာ အရှက်​ကွဲသွား ပြီးတဲ့​နောက်​ လူ​တွေ ​ဆွေး​နွေး​နေကြတာ​က ယုဟိုက်​နင်​ရဲ့ ပုဂ္ဂိုလ်​​ရေးရာ အကျင့်​စာရိတ္တနဲ့ ကိုယ်​ကျင့်​တရားအ​ကြောင်းပဲဖြစ်​တယ်

ယုဟိုက်​နင်​လို လူမျိုးက လူ​တွေ သူ့အ​ပေါ် တမင်​တကာ အာရုံမထားမိရင်​ သူမဟာ အလွန်​​ချော​မောလှပပြီး ဂီတတူရိယာ​တွေ တီးခတ်​တဲ့ ​ကောင်​မ​လေးတစ်​​ယောက်​အ​နေနဲ့သာ သိကြမှာဖြစ်​တယ်​. သူမကို လိုက်​​နေတဲ့ သူ​တွေနဲ့ ပတ်​သတ်​ပြီး သတင်း​တွေကလည်း ရှိ​​သေးတယ်​. ဒါ​ပေမယ့်​ အဲ့မှာ အတင်း​အဖျင်းချဖို့ ​နောက်​​ကြောင်း​ ပြန်​တူးဆွ​နေတဲ့ သူ​တွေသာရှိလို့က​တော့ မ​ကောင်းသတင်း​ဆိုတာ မျိုးစုံထွက်​လာမှာ အမှန်​ပဲ.

ဥပမာအ​နေနဲ့ ​ပြောရရင်​ သူမရဲ့ ​ကျော်​ကြားမှုဟာ တခြား ​​ကျောင်းသူမိန်းက​လေး​တွေအ​ပေါ်မှာ​ သိပ်​ပြီးမြင့်​မားသက်​​ရောက်​​မ​နေဘူး. တကယ်​တမ်း သူမဟာ အ​တော်​ ​မောက်​မာပြီး ဘယ်​သူ့ကိုမှ မျက်​စိထဲမထားသူဖြစ်​တယ်​. သူမကို အငယ်​အ​နှောင်းထားတာခံရတယ်​လို့ သို့​လော သို့​လော သံသယ​တွေလည်း ရှိ​နေတယ်

ဒါ​ပေမယ့်​ ​နောက်​ဆုံး သုံးသပ်​ချက်​အရ ဒါ​တွေအားလုံးဟာ ​ကောလာဟာလသာဖြစ်​တယ်​. မိန်းက​လေးအများစုက သူမကို အမြင်​ကတ်​​နေရင်​​တောင်​ သူတို့ဟာ စကားလုံး​တွေနဲ့ သာ ယုဟိုက်​နင်​ကို တိုက်​ခိုက်​လို့ရချင်​ရမယ်​ ဘာသက်​​သေအ​ထောက်​အထားမှ​တော့ မပြနိုင်​ကြဘူး

ကျန်းလင်​ရိ ​ချေပ​ပြောဆိုလိုက်​ပြီး​နောက်​တစ်​​နေ့မှာ​ ယုဟိုက်​နင်​ အသုံးချတာ ခံခဲ့ရဘူးတဲ့ ​ကျောင်းသားတစ်​​ယောက်​ဆီက ပို့စ်​တစ်​ခုတင်​လာတယ်​. ပို့စ်​ရဲ့​ခေါင်းစဉ်​ဟာ အ​တော်​​လေး ထိတ်​လန့်​စရာ​ကောင်းတယ်​_____

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now