အပိုင်း ၂၄ Plants vs Zombies ဂိမ်း​ဆော့ကြမယ်​!

9.7K 1.4K 173
                                    

((Zawgyi))

အပိုင်း ၂၄
Plants vs Zombies ဂိမ်း​ဆော့ကြမယ်​!

၁၉ရက်​​မြောက်​​နေ့ | ​​စောင်​တစ်​ထည်​တည်း​ခြုံပြီး ဂိမ်း​အတူတူ​​ဆော့ကြရန်

ကျန်းလင်​ရိနဲ့ ​ဂေးအတွဲ​တွေအဖြစ်​ ဟန်​မ​ဆောင်​ခင်​တုန်းက ၀မ်​ကွမ်းနင်​ဟာ ကျန်းလင်​ရိကို သူ့လိုပဲ အလွန်​ခန့်​ညား​ချော​မောပြီး လွှမ်းမိုးနိုင်​စွမ်းရှိတဲ့ ​ယောက်ျားတစ်​​ယောက်​လို့ အမြဲထင်​ခဲ့တယ်

ဒါ​ပေမယ့်​ အခု​တော့ သူခံစားရတာက ကျန်းလင်​ရိဟာ သာမာန်​အရူးသာသာ​လောက်​ပဲ

ဘာလို့ဆို့ ညလယ်​​ခေါင်​ကြီးမှာ သူ့အခန်းထဲ​ပြေးဝင်​လာပြီး သူ့အိပ်​ရာထဲဝင်​​ခွေကာ ဂိမ်းကစားဖို့​ခေါ်တဲ့ အရူးက ကျန်းလင်​ရိကလွဲရင်​ တခြားဘယ်​သူမှ အဲ့လို လုပ်​မှာ မဟုတ်​လို့ပဲ

"ရှိုရှို~ လာ~ ငါတို့ ဂိမ်း​ဆော့ရ​အောင်​~"

ဝမ်​ကွမ်းနင်​ဟာ ည၁၂နာရီအထိတိုင်​ စာကျက်​ပြီးမှ အိပ်​ဖို့ဆုံးဖြတ်​လိုက်​တယ်​. ကျန်းလင်​ရိဝင်​လာ​တော့ သူအဲ့​တော့မှ အိပ်​ရာ​ပေါ်လှဲလိုက်​ရုံရှိ​သေးတယ်

ဝမ်​ကွမ်းနင်​ဟာ ကျန်းလင်​ရိသူ့ကို ​နှောင့်​ယှက်​မှာစိုးတာ​ကြောင့်​ ကျန်းလင်​ရိကို တစ်​​နေ့ကုန်​ စာကြည့်​ခန်းထဲကို ၀င်​ခွင့်​မ​ပေးဘူး.အဲ့အ​ကြောင်းကိုလည်း ကျန်းလင်​ရိကို ထပ်​တလဲလဲ မှာ​နေတယ်​.အဲ့​တော့ ကျန်းလင်​ရိဟာ မ​ကျေမနပ်​နဲ့ သူ့အခန်းထဲမှာ ​ယောင်​​ပေ​ယောက်​​ပေလုပ်​လိုက်​ ဧည့်​ခန်းထဲသွားလိုက်​ လုပ်​ဖို့သာ တတ်​နိုင်​တယ်​. သူဟာ ပျင်းလာရင်​ စာအုပ်​တချို့ကို ဟိုလှန်​ဒီလှန်​ ဖတ်​တယ်​. သူဟာ ​၀မ်​ကွမ်းနင်​စာကျက်​လို့ပြီးသွားတဲ့ အချိန်​ထိ​စောင့်​ကာ ​နောက်​ဆုံးမှာ ၀မ်​ကွမ်းနင်​ဆီကို ​နှောင့်​ယှက်​ဖို့ ​ပြေးသွားတယ်

ဝမ်​ကွမ်းနင်​ဟာ သူ့နဖူးသူကိုင်​ကာ ကူကယ်​ရာမဲ့ဖြစ်​​နေတယ်​. သူတစ်​​နေ့လုံးလည်း စာ​တွေကျက်ထားပြီးပြီဆို​တော့ အ​တော်​​လေး ပင်​ပန်းနွမ်းနယ်​​နေပြီ. ခုချိန်​မှာ သူဟာ အိပ်​ပဲအိပ်​ချင်​​​နေတယ်

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now