အပိုင်း ၅၆ ဟုတ်​ကဲ့ ကျွန်​​တော်​နဲ့ ZLY ချစ်​​နေကြတာပါ ၂

10.2K 1.5K 126
                                    

((Zawgyi))

အပိုင်း ၅၆
ဟုတ်​ကဲ့ ကျွန်​​တော်​နဲ့ ZLY ချစ်​​နေကြတာပါ ၂

လူ​တွေအားလုံးက ကျန်းလင်​ရိကို ကြည့်​​နေကြတယ်

ကျန်းလင်​ရိဟာ တည်​တည်​ငြိမ်​ငြိမ်​နဲ့ မျက်​နှာ​ပေါ်မှာ အပြုံး​လေးတစ်​ပွင့်​ပန်​ဆင်​ရင်း စင်​​ပေါ်ကိုတက်​သွားတယ်​. ကြည့်​လိုက်​ရင်​​တော့ သူ့ပုံက စမတ်​ကျပြီး ​ချော​မော ခန့်​ညား​နေတယ်​. ဒါ​ပေမယ့်​ စိတ်​ထဲမှာ​တော့ အရူးမီး​တွေဝိုင်းလို့__ မင်းအ​ဖေငါက ဒီ​နေ့မှာ ဒီလို အလန်းစား​လေးဝတ်​လာ​မိလို့ ကံ​ကောင်းတာပဲ. အဲ့​တော့ ငါ ဒီ​လောက်​ ​ချော​တဲ့ဟာ ရှိုရှို​ရှေ့မှာ မျက်​နှာအပျက်​ခံလို့မဖြစ်​ဘူး

ဒါနဲ့ ကျန်းလင်​ရိဟာ အားလုံ​ရှေ့မှာ ၀မ်​ကွမ်းနင်​ဆီကို ​လျှောက်​သွားပြီး ခပ်​တည်​တည်​ပဲ ၀မ်​ကွမ်းနင်​လက်​ကို လှမ်းကိုင်​လိုက်​တယ်​. သူ့ရဲ့လက်​က ​ဇော​ချွေး​တွေပျံပြီး စိုရွဲ​နေတယ်

သူက ၀မ်​ကွမ်းနင်​ လက်​​လေးကို ညင်​သာစွာ ဖျစ်​ညှစ်​လိုက်​ကာ သူ့ကို စိတ်​မလှုပ်​ရှားဖို့ အား​ပေးလိုက်​တယ်​.

ဝမ်​ကွမ်းနင်​ဟာ ကျန်းလင်​ရိဆီက​နေ အ​နွေးဓာတ်​​လေးရ​တော့ အနည်းငယ်​ စိတ်​သက်​သာရာရသွားတယ်​. အဲ့​နောက်​ သူက ​စင်​​အောက်​က ပရိတ်​သတ်​​တွေကို ကြည့်​ကာ ဖြည်းဖြည်းချင်း​ပြောလိုက်​တယ်

"အားလုံးလည်း ​တွေ့ကြတဲ့အတိုင်းပါပဲ. ကျွန်​​တော်​က ​ယောကျာ်း​လေးတစ်​​ယောက်​ဖြစ်​သလို ကျန်းလင်​ရိကလည်း ​ယောကျာ်း​လေးတစ်​​ယောက်​ပါပဲ. ဒါ​ပေမယ့်​ အချစ်​မှာ ​ယောကျာ်းမိန်းမဆိုတာ မရှိပါဘူး. ကျွန်​​တော်​ သူ့ကို ချစ်​တယ်​ အဲ့ဒါ​ကြောင့်​ သူက ​ယောကျာ်း​လေးပဲဖြစ်​ပါ​စေ မိန်းက​လေးပဲဖြစ်​ပါ​စေ ကျွန်​​တော့်​အတွက်​ ကိစ္စမရှိပါဘူး"

စင်​​အောက်​က လူ​အားလုံးဟာ တစ်​​ယောက်​မျက်​နှာတစ်​​ယောက်​ကြည့်​လိုက်​ကြကာ အသံ​တွေတိတ်​သွားကြတယ်

ရွှီ​ကော​ကွေ့ဟာ လက်​ထဲမှာမိုက်​ကရိုဖုန်းကို ကိုင်​ထားတုန်းပဲ. သူက ၀မ်​ကွမ်းနင်​​ပြောတာလည်း ကြား​ရော ခနဲပြုံးပြုံးလိုက်​ကာ ​ပြောတယ်

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now