((Zawgyi))
အပိုင်း ၅၇
ငါ မင်းတို့ကို သဘောမတူဘူး!ဖူမာအိုခါအိစိရဲ့ ကုန်စည်ပြပွဲဟာ သုံးရက်တာကြာမြင့်ခဲ့တယ်. ပြပွဲ ပထမဆုံးရက်မှာ ၀မ်ကွမ်းနင်နဲ့ ကျန်းလင်ရိတို့ရဲ့ အချစ်ရေးသတင်းကြီး ၀က်ဝက်ကွဲပေါ်ထွက်လာပြီးတဲ့နောက် နောက်နှစ်ရက်အတွင်း ပြပွဲဆီလာရောက်တဲ့ လူအရေအတွက်က တစ်ဟုန်ထိုး တိုးတက်သွားတော့တယ်
လူတွေအားလုံးက ၀မ်ကွမ်းနင်နဲ့ ကျန်းလင်ရိလို ဂုဏ်သရေရှိလူနှစ်ယောက်ရဲ့ အချစ်ရေးသတင်းအပေါ် ထင်မြင်ချက်အမြင်တွေ မရေမရာဖြစ်နေပေမယ့် အများစုကတော့ သူတို့အပေါ် ထောက်ခံ ကောင်းချီးပေးခဲ့ကြတယ်
နောက်ပြီး ပြပွဲလာတဲ့ ကားလမ်းတွေ ပိတ်ဆို့ရခြင်းနဲ့ တိုက်ရိုက်အချိုးကျပတ်သတ်နေတာကတော့ ဆက်တိုက်တိုးပွားလာနေတဲ့ အမှာစာစာရင်းတွေပဲဖြစ်တယ်. ဒီသုံးရက်တိုင်တိုင်ကြာမြင့်တဲ့ ပြပွဲအပြီးမှာ ဖူမာအိုခါအိစိ လက်ခံရရှိခဲ့တဲ့ ကုန်ပစ္စည်း အမှာစာတွေဟာ မူလမျှော်မှန်းထားတာထက် နှစ်ဆတက်သွားတော့တယ်.
ထို့အပြင် ဖူမာအိုခါအိစိ ဈေးကွက်စီးပွားရေးဋ္ဌာနတစ်ခုလုံးရဲ့ အနေအထားဟာလည်း မြင့်တက်လို့လာတယ်. ဒီတော့ အခြေခံအားဖြင့်ပြောရရင် အဲ့ကလူတိုင်းဟာ နောက်တစ်ခေါက် လစာညှိနှိုင်းတဲ့ အစီအစဉ်မှာ သေချာပေါက်ပါဝင်မယ်လို့ပြောလို့ရတယ် (လစာတိုးလောက်တယ်လို့ ပြောချင်တာ)
သိပ်မကြာလိုက်ဘူး စီးပွားရေးလောကမှာ သတင်းတစ်ခုထွက်လာတယ်. ရွှီကောကွေ့ဟာ DM China ကနေ အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်တဲ့ ကုမ္ပဏီသေးသေးလေးတစ်ခုမှာ ဈေးကွက်စီးပွားရေး ဒါရိုက်တာဖြစ်လာတယ်__ ရာထူးအရ တစ်ဆင့်မြင့်သွားပေမယ့် လစာကတော့ အရင်ကထက်ပိုပြီးနည်းတယ်. တကယ်တမ်းဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို ဘယ်သူတစ်ယောက်ကမှ ရေရေရာရာမသိပေမယ့် ဒီစီးပွားရေးလောကမှာ ကျင်လည်ရင်းနှီးနေတဲ့ မည်သူမဆိုကတော့ ခန့်မှန်းကြည့်လို့ရတယ်. ရွှီကောကွေ့က သူ့ဘက်ကစပြီး DM China ထံနှုတ်ထွက်စာတင်ခဲ့တယ် ဒါပေမယ့် တကယ်တမ်းကျ DM China က သူ့ကို အလုပ်ဖြုတ်ပစ်ခဲ့တာပဲဖြစ်တယ်. ရွှီကောကွေ့ဟာ ဖူမာအိုခါအိစိရဲ့ ကုန်စည်ပြပွဲမှာ ကြီးကြီးမားမား ပွဲဆူအောင်လုပ်ခဲ့တာကြောင့် သူ့ရဲ့အကျင့်စာရိတ္တဟာ အလွန်သံသယ၀င်စရာဖြစ်ခဲ့တယ်. DM China ဟာ နဂိုတည်းက ဖူမာအိုခါအိစိကို ဈေးကွက်ခွဲဝေပေးလိုက်ရလို့ စိတ်အနှောင့်အယှက် ဖြစ်နေခဲ့တယ်. (မှတ်မိကြလားတော့မသိဘူး. ၀မ်ကွမ်းနင် ဟောင်ကောင်မသွားခင်တုန်းက ကျန်းလင်ရိ ၀မ်ကွမ်းနင်ဆီ လွှတ်လိုက်တဲ့ ဟိုနှစ်ယောက်က DM China ရဲ့ ဖောက်သည်တွေကို ခေါ်ပေးလိုက်လို့ market ကွဲသွားတာ) အခုတော့ နာမည်ဆိုးထွက်နေတဲ့ ဈေးကွက်စီးပွားရေးမန်နေဂျာတစ်ယောက်ပါ တိုးလာခဲ့ပြီး သူ့ရဲ့ ဂုဏ်သတင်းဟာ စီးပွားရေးလောကမှာ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပြီ.
ရွှီကောကွေ့ရဲ့ တရားမ၀င်စွာ လက်အောက်ငယ်သားတွေကို လစာတိုးပေးခြင်းဟာ ကုမ္ပဏီရဲ့ အတွင်းပိုင်း သက်သာချောင်ချိရေး စည်းကမ်းချက်တွေကို များစွာကျော်လွန်နေတယ်. ဒါကြောင့် ဋ္ဌာနချုပ်အနေနဲ့ သူ့ကို ဒီကုမ္ပဏီမှာ ဆက်ပြီးနေခွင့်ပေးဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့ဘူး. စီးပွားရေးလောကဆိုတာ ဒီလိုပဲ. ကုမ္ပဏီက လူတစ်ယောက်ကို အထူးသဖြင့် ရွှီကောကွေ့လို ရာထူးမနိမ့်တဲ့ သူမျိုးကို အလုပ်ကထုတ်ပစ်ချင်တယ်ဆိုရင် အရင်ဆုံး သူတို့ဟာ ညှိနှိုင်းကြည့်ဖို့ ကြိုးစားမယ်. ပြီးတော့ နစ်နာကြေးအမြောက်အမြားမပေးရဖို့အရေး တစ်ဖက်သူကို သူ့ဘက်ကစပြီး အလုပ်ထွက်စေတယ်. ရွှီကောကွေ့ လစာနှစ်ဆပေးခဲ့လို့ ဖူမာအိုခါအိစိကနေ အဲ့ဘက်ကို ခုန်ကူးသွားတဲ့ ကော်မရှင်နာဟာလည်း သိပ်မကြာခင်မှာပဲ အလုပ်ထွက်ခဲ့တယ်. အဲ့ဒီနောက်မှာတော့ DM China ဟာ သူ့ရဲ့ တရုတ်ပြည်တောင်ပိုင်း ဈေးကွက်စီးပွားရေးဋ္ဌာနကို ပြန်လည်ဖွဲ့စည်းခဲ့တယ်.
ESTÁS LEYENDO
အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)
RomanceF ယူနီဗာစီတီ ရဲ့ စွဲဆောင်မှု အရှိဆုံး ယောကျာ်း နှစ်ယောက်.... ၀မ်ကွမ်းနင် နဲ့ ကျန်းလင်ရိ ထိုလူငယ် နှစ်ဦးမှာ မည်သည့်ကိစ္စတွင်မဆို သူနိုင်ကိုယ်နိုင် အပြိုင်ကျဲကြမည်ဟု ကြွေးကြော်ကာ အမြဲပင် ယှဉ်ပြိုင်နေသော လူ နှစ်ယောက် သူတ...