((Zawgyi))
အပိုင်း ၁၈
ရှိုရှို, ငါကို မြန်မြန်လေး ဖက်ထားပေး၁၄ ရက်မြောက်နေ့ | နှစ်ယောက်အတူတူ ကြယ်တွေကြည့်ရန် ချမ်းလာတဲ့ အခါ တစ်ဖက်လူကို သင့်ရင်ခွင့်ထဲထည့်ကာ ဖက်ထားရန်
"မင်း ဘာလို့ ငေးပဲ ကြည့်နေတာလဲ?"
ကျန်းလင်ရိ သတိပြန်ဝင်လာတော့ ၀မ်ကွမ်းနင်က သူ့ဆီလျှောက်လာလို့ သူ့ရှေ့တောင် ရောက်နေပြီ. ၀မ်ကွမ်းနင်က ကျန်းလင်ရိရဲ့ ကတုံးကို 'ဖတ်´ ခနဲနေအောင် ရိုက်လိုက်ကာ ပြောတယ်
"သွားကြမယ်!"
ကျန်းလင်ရိက တုံဆိုင်းနေတယ် အဲ့နောက်မှာ ၀မ်ကွမ်းနင်ကို မီအောင် သူ လိုက်သွားလေတော့တယ်
F ယူနီဗာစီတီ မှာ ကြယ်တွေ ကြည့်ဖို့ အသင့်တော်ဆုံးနေရာကို ပြောပါဆိုရင် သေချာပေါက် လမင်းကန်သာ လို့ပဲ ပြောရမှာဖြစ်တယ်. အဲ့မှာ ကမ္ဘာမြေကြီးနဲ့ မိုးကုတ်စက်ဝိုင်းကြီး အချင်းချင်း ထိဆက်သွားတဲ့အထိ ရှုမညီးနိုင်တဲ့ မြင်ကွင်းတွေကို မျက်စိတဆုံး မြင်နိုင်တယ်
ပြီးတော့ ဒီနေရာက F ယူနီဗာစီတီ က အတွဲတွေအတွက် မြင်မြတ်တဲ့ အောင်မြေတစ်ခုလဲ ဖြစ်တယ်
ခုချိန်မှာတော့ ဆောင်းတွင်းလည်းဖြစ်တယ်. စာသင်နှစ်ကုန်ခါနီးအချိန်လည်း ဖြစ်နေတာကြောင့် ဒီကန်ကို လာတဲ့သူတွေ ခါတိုင်းထက် တော်တော်နည်းနေတယ်. အတွဲဆိုလို့ နှစ်တွဲ သုံးတွဲလောက်သာ ရှိတယ်.ဒါဟာ ကျန်းလင်ရိနဲ့ ၀မ်ကွမ်းနင်အတွက်တော့ ပိုလို့တောင် အဆင်ပြေနေသေးတယ်
သူတို့နှစ်ယောက်ဟာ ချောင်ကျကျနေရာတစ်ခုမှာ ထိုင်လိုက်ကြတယ်. ကျန်းလင်ရိဟာ သရေစာ အထုပ်လိုက်ကြီးရယ် ဘီယာဗူးတွေရယ် ပြင်ဆင်လာတယ်. သူက ၀မ်ကွမ်းနင်ကို သူယူလာတာတွေကို စားဖို့ ပြောလိုက်တယ်
YOU ARE READING
အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)
RomanceF ယူနီဗာစီတီ ရဲ့ စွဲဆောင်မှု အရှိဆုံး ယောကျာ်း နှစ်ယောက်.... ၀မ်ကွမ်းနင် နဲ့ ကျန်းလင်ရိ ထိုလူငယ် နှစ်ဦးမှာ မည်သည့်ကိစ္စတွင်မဆို သူနိုင်ကိုယ်နိုင် အပြိုင်ကျဲကြမည်ဟု ကြွေးကြော်ကာ အမြဲပင် ယှဉ်ပြိုင်နေသော လူ နှစ်ယောက် သူတ...