အပိုင်း ၉ ​နေမ​ကောင်းတဲ့အခါ တစ်​​ယောက်​ကို တစ်​​ယောက်​ အ​ဖော်​ပြု​ပေးမယ်

14.2K 2K 91
                                    

((Zawgyi))

အပိုင်း ၉
"​နေမ​ကောင်းတဲ့အခါတစ်​​ယောက်​ကို
တစ်​​ယောက်​ အ​ဖော်​ပြု​ပေးမယ်
ဒါ​ပေမယ်​ သူ့တို့တကယ်​​နေမ​ကောင်းတာ
မဟုတ်​ဘူးဆိုရင်​​ကော?"

ခြောက်ရက်​​မြောက်ေ​​​န့ | မင်း​နေမ​ကောင်းဖြစ်​​နေတဲ့ အချိန်​ မင်းနဲ့ အတူတူအိပ်​ရာထဲမှာ ထိုင်​မယ်​ မင်းရဲ့​ခေါင်း​လေးကို ကိုယ့်​ရင်​ဘတ်​​ပေါ်မှာ မှီထားမယ်​ ရုပ်​ရှင်​အတူတူကြည့်​ကြမယ်​ မင်းကို ​ဆေးတိုက်​မယ်​ မင်း ​ဆေးထိုးခံ​​နေတဲ့ အချိန်​မှာ မင်းကို အ​ဖော်​ပြု​ပေးမယ်

ဒီလိုလုပ်​ရတာ အရမ်းရူး​ကြောင်​​ကြောင်​နိုင်​တယ်​လို့ မင်းမထင်​ဘူးလား?

မနက်​​စော​စောစီးစီးပဲ ၀မ်​ကွမ်းနင်​ဆီက စာတစ်​​စောင်​ကို ကျန်းလင်​ရိလက်​ခံရရှိလိုက်​တယ်

ဘယ်​နှယ့်​ ရူး​ကြောင်​​ကြောင်​ဖြစ်​ရမှာလဲ? ဒီနည်းနဲ့ ငါတို့ဟာ ငါတို့ရဲ့ ​လေးနက်​တဲ့ ခံစားချက်​​တွေကို ထုတ်​​ဖော်​ပြသနိုင်​တယ်​​လေ! o(≧v≦)o

ဒါ​ပေမယ့်​ ငါတို့နှစ်​​ယောက်​လုံးက ​နေ​ကောင်းတာမှ ​ဒေါင်​​ဒေါင်​မြည်​ပဲ​လေ

..........

ဝမ်​ကွမ်းနင်​ဟာ ကျန်းလင်​ရိပြန်​ပို့တဲ့ ​မက်​​ဆေ့ကို ခဏကြည့်​လိုက်​ပြီး​တွေးတယ်​ ​နောက်​ဆုံး​တော့ တဖက်​လူ သူ့​​ပြောတာကို လက်​ခံ​အောင်​ သူလုပ်​နိုင်​ပြီ​ပေါ့.. ဘယ်​ထင်​ပါ့မလဲ ခဏ​နေ​တော့ သူ့ဖုန်းက ​နောက်​တခါမီးလင်းလာတယ်

ရှိုရှို မင်း​နေမ​ကောင်းဖြစ်​ချင်​​ယောင်​​ဆောင်​ရင်​​ကော ဘယ်​လိုလဲ? ငါမင်းကို အ​ကောင်းဆုံး ပြုစုမယ်​​လေ!

ဒေါသထွက်​ထွက်​နဲ့ ၀မ်​ကွမ်းနင်​ ခပ်​မြန်​မြန်​ပဲ စာပြန်​လိုက်​တယ်​ သူ့လက်​​ချောင်း​တွေဟာ လျင်​မြန်​စွာ လက်​ကွက်​ကိုရိုက်​​နေတယ်

ငါတို့​တွေ ဟန်​​ဆောင်​ကြမယ်​ဆိုရင်​​တောင်​မှ ဟန်​​ဆောင်​ရမယ့်​သူ့က မင်းပဲဖြစ်​လိမ့်​မယ်​ မင်းမ​နေ့က ဘာ​ပြောထားလဲ မင်း​မေ့သွားပြီလား ဒီနှစ်​ရက်​မှာ မင်းက 'ရှို´ပဲ!

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now