အပိုင်း ၄၆ သရဖူတစ်​ခု ဘုရင်​က နှစ်​​ယောက်​.. ​အဆုံးသတ်​က ဘယ်​သူဖြစ်​မလဲ?

11.1K 1.5K 87
                                    

((Zawgyi))

အပိုင်း ၄၆
သရဖူတစ်​ခု ဘုရင်​က နှစ်​​ယောက်​.. ​အဆုံးသတ်​မှာ ဘယ်​သူ့အတွက်​ဖြစ်​မလဲ?


ဝမ်​ကွမ်းနင်​ဟာ ​နောက်​ဆုံး​တော့ ​ခန်းမကြီးက​နေ ​ထွက်​လာနိုင်​ခဲ့တယ်​. အဲ့ချိန်​မှာပဲ သူ့ထံ စန်းစစ်​ရန်ဆီက ဖုန်းဝင်​လာတယ်

"၀မ်​ကွမ်းနင်​, မင်း​ရောက်​ပြီလား? ငါတို့အားလုံး မှာစစရာရှိတာမှာပြီးပြီ​နော်​. မင်းရဲ့ ပိုက်​ဆံအိတ်​ပဲ ​မျှော်​​နေတာ"

ဝမ်​ကွမ်းနင်​က မချိတင်​ကဲရယ်​လိုက်​ကာ

"​ရောက်​​တော့မှာပါ မင်းတို့ ဘယ်​နားမှာလဲ?"

စန်းစစ်​ရန် က​ပြောတယ်

"ရသာမွန်​စား​သောက်​ဆိုင်​မှာ. မင်းမြန်​မြန်​လာခဲ့"

ဝမ်​ကွမ်းနင်​ဟာ ဖုန်းချလိုက်​ပြီး​နောက်​ စား​သောက်​ဆိုင်​ဆီ ​အေး​အေး​ဆေး​ဆေး လမ်း​လျှောက်​သွား​တော့တယ်

ရသာမွန်​စား​သောက်​ဆိုင်​ဟာ F ယူနီဗာစီတီတစ်​၀ိုက်​မှါ အဆင့်​မြင့်​စား​သောက်​ဆိုင်​တစ်ခု​ပဲ. ဒီ​နေ့​တော့ ခါတိုင်း​နေ့​တွေနဲ့မတူပဲ ဆိုင်​ထဲမှာ လူ​​တွေအပြည့်​ဖြစ်​​နေတယ်​. ၀မ်​ကွမ်းနင်​တို့အတန်းဟာ ​နေရာထိုင်​ခင်းအတွက်​ ကြိုပြီးဘိုနာမည်​ကြီးတဲ့ကင်​ယူထားတာ​တောင်​မှ အများသုံး အခန်းကျယ်​ကြီးထဲမှာပဲ သူတို့ ​နေရာရလိုက်​တယ်​. သီးသန့်​ခန်း​တွေက​တော့ အားလုံးလူပြည့်​သွားပြီ

ဒါ​ပေမယ့်​ သူ့အတန်း​ဖော်​​တွေက​ သီးသန့်​ခန်းမရလည်း ဂရုမစိုက်​ကြဘူး. သူတို့မှာ ယုံကြည်​ချက်​အပြည့်​ရှိ​တယ်​. သူတို့ဟာ ဘယ်​​နေရာသွားသွား အဆူညံဆုံးအဖွဲ့ကို​ပြောပါဆိုရင်​ ​သေချာ​ပေါက်​ သူတို့အဖွဲ့ပဲဖြစ်​မှာ. သူတို့လူ​တွေ တခြားအဖွဲ့နဲ့ရန်​မဖြစ်​ရင်​ရပြီ. တခြားလူ​တွေ သူတို့ကို လာပြီးရန်​စမှာ​တော့ ပူစရာမလိုဘူး

ဝမ်​ကွမ်းနင်​ ​ရောက်​သွားချိန်​မှာ​ အားလုံး ​ရောက်​နှင့်​​နေပြီ. ဒီတစ်​​ကြိမ်​ဟာ သူတို့အတန်း​ဖော်​​တွေအားလုံး ဘွဲ့ရပြီး​နောက်​ ပထမဆုံးပြန်​ဆုံကြတာဖြစ်​တယ်​. ဒါ့အပြင်​ စန်းစစ်​ရန်က ကျန်​တဲ့သူ​တွေကို ၀မ်​ကွမ်းနင်​​နောက်​ဆုံး​တော့ ဒီကို အပြီးပြန်​​ရောက်​လာပြီဆိုတာ ​ပြောပြထား​တယ်​. အဲ့ဒါ​ကြောင့်​ ဒီ​တွေ့ဆုံပွဲကို လာတဲ့လူစာရင်းဟာ ခါတိုင်းထက်​ အ​တော်​​လေးမြင့်​တက်​သွားတယ်​. လူအ​ယောက်​သုံးဆယ်​ဟာ စားပွဲနှစ်လုံးနဲ့အပြည့်​ ထိုင်​​နေကြတယ်

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Opowieści tętniące życiem. Odkryj je teraz