((Zawgyi))
အပိုင်း ၄၀
ဗိုက်ကြွက်သား ပိုများသူဟာ ဗိုက်ကြွက်သားပိုနည်းတဲ့သူအပေါ် စိုးမိုးနိုင်စွမ်းရှိတယ်ကျန်းလင်ရိ နှစ်ရက်လောက်အနားယူလိုက်တယ်. အဲ့နှစ်ရက်မှာ ၀မ်ကွမ်းနင်က ချက်တာပြုတ်တာတွေ လုပ်ပေးတယ်. သူချက်ပြုတ်တဲ့ဟင်းတွေရဲ့ နောက်ဆုံးရလဒ်ဟာ ဘာနဲ့မှလည်းမတူ ဘာပုံမှလည်း မထွက်လာပေမယ့် ကျန်းလင်ရိကတော့ လုံးဝကိုကျေကျေနပ်နပ်ကြီး စားနေတယ်.
သုံးရက်မြောက်နေ့မှာတော့ ကျန်းလင်ရိဟာ နောက်ဆုံးမှာ ဟွိုက်ဒီနိုင်ငံတကာ ဆီကို အလုပ်ပြန်တက်နိုင်ပြီ. ထင်တဲ့အတိုင်းပဲ ရှရင်းချူဟာ ကုမ္ပဏီရဲ့ နှစ်ပတ်လည်ပွဲအတွက် ပွဲအစီအစဉ်တွေနဲ့ ဖိတ်ကြားထားသူစာရင်းကို သူရောက်လာတဲ့အချိန်မှာ သူ့ဆီတင်ပြလာတယ်. အံ့သြစရာကောင်းလောက်အောင်ပဲ ၀မ်ကွမ်းနင်ရဲ့ နာမည်ဟာ အထူးဖိတ်ကြားထားသူ ဧည့်သည် စာရင်းမှာ ပါဝင်နေတယ်
ကျန်းလင်ရိဟာ အဲ့ဒါကို ချက်ချင်းပဲ ထောက်ခံပေးလိုက်ပြီးနောက် ၀မ်ကွမ်းနင်ဆီကို မက်ဆေ့ပို့လိုက်တယ်: ရှိုရှို ငါဒီည ညစာချက်ကျွေးမယ်. မင်း ဘာစားချင်လဲ?
ဝမ်ကွမ်းနင်ဆီက အလျင်အမြန်ပဲ ပြန်စာဝင်လာတယ်: ဈေးကြီးလေ ကောင်းလေပဲ! စာကြွင်း. အလုပ်ချိန်မှာ ငါ့ကိုမနှောင့်ယှက်နဲ့. ငါ့က အလုပ်နဲ့အကိုင်နဲ့.
ကျန်းလင်ရိ: ! ! ! ! ! !
အဲ့တော့ ငါ့ပုံက အလုပ်မရှိအကိုင်မရှိ 109 110 ပုံပေါက်နေလို့လား? ငါ့မှာတော့ အလုပ်တွေလုပ်ပြီး ရတဲ့အချိန်လေးမှာ စာပို့လိုက်ရတာ. အဲ့ဒါ ဘယ်သူ့အတွက်လို့ မင်းထင်နေလို့လဲ?
ကျန်းလင်ရိဟာ မတရားခံရသလို ခံစားနေရတယ်
ဝမ်ကွမ်းနင်ဟာ ကျန်းလင်ရိကို အလုပ်ချိန်မှာ သူ့ကိုမနှောင့်ယှက်ဖို့ ပြောထားပေမယ့် အဲ့နေ့မှာ သူက အလုပ်ပြီးတာနဲ့ အိမ်ကို စောစောပြန်လာခဲ့တယ်. သူပြန်ရောက်ချိန်မှာ ကျန်းလင်ရိက မထင်မှတ်ပဲ ပြန်မရောက်လာသေးဘူး
YOU ARE READING
အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)
RomanceF ယူနီဗာစီတီ ရဲ့ စွဲဆောင်မှု အရှိဆုံး ယောကျာ်း နှစ်ယောက်.... ၀မ်ကွမ်းနင် နဲ့ ကျန်းလင်ရိ ထိုလူငယ် နှစ်ဦးမှာ မည်သည့်ကိစ္စတွင်မဆို သူနိုင်ကိုယ်နိုင် အပြိုင်ကျဲကြမည်ဟု ကြွေးကြော်ကာ အမြဲပင် ယှဉ်ပြိုင်နေသော လူ နှစ်ယောက် သူတ...