((Zawgyi))
အပိုင်း ၄၇
နဂါးအကြွ ဖီးနစ်အက
"ငါတို့ စကားနည်းနည်းပြောရအောင်!"လျိုကျီဝိုက်ကပြောလိုက်တယ်.
ဝမ်ကွမ်းနင်ဟာ လျိုကျီဝိုက်နဲ့ သူ ကြားမှာ ပြောလို့ကောင်းစရာ ဘာစကားမှမရှိဘူးလို့တွေးလိုက်တယ်. ဒါပေမယ့် သူက သူမကို ပြုံးပြလိုက်ပြီး ပြောလိုက်တယ်.
"အိုကေ"
သူတို့ဟာ စကားပြောဖို့ လက်ခံလိုက်ပေမယ့် ခပ်ဝေးဝေးတော့ မသွားဖြစ်ကြပဲ စားသောက်ဆိုင် အနီးနားက လမ်းကြားလေးတစ်ခုမှာပဲ စကားပြောဖြစ်ကြတယ်.
"မထင်ထားဘူး နင်လည်း ဒီကို လာဖြစ်တာကိုး"
လျိုကျီဝိုက်က ပြောရင်းနဲ့ သူမ ဆံပင်တွေကို အနည်းငယ်ဖွလိုက်တယ်. သူမဆံနွယ်တွေဟာ သူမရဲ့ ပုခုံးနားလေးမှာ ရစ်ဝဲသွားတယ်. သူမ ဆံဖျားလေးတွေက အဆုံးမှာ ရစ်ခွေကာ စွဲဆောင်မှုရှိပြီး လှပတင့်တယ်နေတယ်.
"ဒီလို အတန်းဖော်တွေနဲ့ လူစုံတက်စုံ တွေ့ဖို့ဆိုတာ ခဲယဉ်းတယ်လေ"
ဝမ်ကွမ်းနင် ပြန်ပြောလိုက်တယ်. ဒါပေမယ့် သူက လျိုကျီဝိုက် ဘာကို ဆိုလိုချင်နေသလဲဆိုတာ နားမလည်သေးဘူး
"ငါ အခု ကျောက်ရှီမင်နဲ့ တွဲနေတယ်"
လျိုကျီဝိုက်က ရုတ်တရတ်ဒီအကြောင်းကို ပြောလာတယ်ဝမ်ကွမ်းနင်ဟာ အဲ့အကြောင်းကို ခဏလောက် စဉ်းစားလိုက်ပြီးတဲ့နောက် ကျောက်ရှီမင်က ဘယ်သူဆိုတာ သူပြန်သတိရလာတယ်__ အဲ့ဒီနှစ်တုန်းက ကွန်ပျူတာဋ္ဌာနရဲ့ နာမည်ကြီးအတော်ဆုံးကျောင်းသားတစ်ယောက်ပဲ.
တကယ်ကို အရမ်းကောင်းတဲ့ လူတော်တစ်ယောက်
ဒါပေမယ့် အဲ့ဒါ သူနဲ့ ဘာဆိုင်လို့လဲ? ၀မ်ကွမ်းနင် ၀န်ခံပါတယ်. သူနဲ့ လျိုကျီဝိုက်ရဲ့ ဆက်ဆံရေးက တစ်ယောက်အကြောင်းတစ်ယောက် နားလည်လောက်အောင် ရင်းနှီးနေတဲ့ အခြေအနေတော့ မဟုတ်ဘူးလေ.
YOU ARE READING
အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)
RomanceF ယူနီဗာစီတီ ရဲ့ စွဲဆောင်မှု အရှိဆုံး ယောကျာ်း နှစ်ယောက်.... ၀မ်ကွမ်းနင် နဲ့ ကျန်းလင်ရိ ထိုလူငယ် နှစ်ဦးမှာ မည်သည့်ကိစ္စတွင်မဆို သူနိုင်ကိုယ်နိုင် အပြိုင်ကျဲကြမည်ဟု ကြွေးကြော်ကာ အမြဲပင် ယှဉ်ပြိုင်နေသော လူ နှစ်ယောက် သူတ...