((Zawgyi))
အပိုင်း ၄၃
အကောင်းဆုံး ချိန်းတွေ့ခြင်းနှင့် သောက်ကျိုးနည်း ရိုမန့်စ်နူးနူးညံ့ညံ့လေးနဲ့ ဓာတ်လိုက်သလို အထိအတွေ့ဟာ သူ့ရဲ့ နှလုံးသားကို အနည်းငယ်တုန်ခါသွားစေတယ်
အဲ့ဒါဟာ နှစ်ပေါင်းများစွာထဲက သူ မျှော်လင့်တောင်းတခဲ့ရသလိုမျိုး. ကိုယ်ပိုင်ဆိုင်တဲ့ အရာကို ထိတွေ့လိုက်ရသလိုမျိုး. အဲ့ဒါဟာ အနမ်းလေးသက်သက်ကြောင့်ရယ် မဟုတ်ဘူး. အဲ့ဒါဟာ သူအနမ်းတွေ ချွေနေတဲ့ သူလေးကြောင့်. ဒီမှော်ဆန်လှတဲ့ ခံစားချက်ထဲမှာ သူ့ဟာ နစ်မြုပ်လို့သွားတယ်.
ကျန်းလင်ရိဟာ သတိလက်လွတ်ဖြစ်သွားတော့မလို့ပဲ. သူက ၀မ်ကွမ်းနင်ခါးကိုဖက်ထားတဲ့ သူရဲ့လက်မောင်းတွေ ပိုပြီးတင်းကြပ်လိုက်တယ်. သူ့လက်မောင်းတွေထဲမှာရှိနေတဲ့ ဒီအပူငွေ့လေးဟာ စစ်မှန်လွန်းတာကြောင့် သူ စိတ်မထိန်းနိုင်လောက်အောင်ဖြစ်နေတယ်. လေးနှစ်လုံးလုံးလစ်လပ်နေတဲ့ သူ့ရင်ထဲကကွက်လပ်လေးဟာ အခုချိန်မှာတော့ ပြည့်စုံလို့သွားခဲ့ပြီ.
ရင်ဘက်က ရင်ဘက်ကိုကပ်လျက်, ဗိုက်ကြွက်သားက ဗိုက်ကြွက်သား.... အဟွတ် တစ်ယောက်ကိုယ်လုံးက တစ်ယောက်ကိုယ်လုံးကို ကပ်လျက်.....
သူ သူတို့နှစ်ယောက်ကြားက ကွက်လပ်တွေကို လုံးဝပြည့်သွားအောင် ဖြည့်ဆည်းပစ်လိုက်ချင်တယ်.
နှုတ်ခမ်းတွေဟာ အချင်းချင်းဖိကပ်ကာထားပြီး သွားအချင်းချင်း ပွတ်တိုက်သံဟာလည်း နားထဲမှာ ကြားနေရတယ်
ဒါပေမယ့် ၀မ်ကွမ်းနင်ဟာ စစချင်းမှာ အလွန်အမင်း အံ့သြနေတာကြောင့် တုန့်ပြန်ဖို့ကိုတောင် မေ့လျော့သွားတယ်
အနမ်းတွေက ပိုပိုပြီးနက်ရှိုင်းလာတယ်. ဒါပေမယ့် ဒီငတုံးလေးနှစ်ယောက်က ဒီထက့်ပိုပြီး ဘယ်လိုနက်နက်ရှိုင်းရှိုင်းနမ်းရှိုက်ရမယ်ဆိုတာ မသိတော့ချိန်မှာတော့ နီစွေးစွေးနှုတ်ခန်းလေးတွေကို တင်းတင်းကြပ်ကြပ် စုပ်ယူနေကြတယ်
KAMU SEDANG MEMBACA
အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)
RomansaF ယူနီဗာစီတီ ရဲ့ စွဲဆောင်မှု အရှိဆုံး ယောကျာ်း နှစ်ယောက်.... ၀မ်ကွမ်းနင် နဲ့ ကျန်းလင်ရိ ထိုလူငယ် နှစ်ဦးမှာ မည်သည့်ကိစ္စတွင်မဆို သူနိုင်ကိုယ်နိုင် အပြိုင်ကျဲကြမည်ဟု ကြွေးကြော်ကာ အမြဲပင် ယှဉ်ပြိုင်နေသော လူ နှစ်ယောက် သူတ...