((Zawgyi))
အပိုင်း ၁၇
နှစ်ယောက်အတူတူကြယ်တွေကြည့်ကြမယ်.
ချမ်းလာတဲ့အခါကျရင် သူ့ကို သင့်ရင်ခွင်ထဲမှာ
ဖက်ထားမယ်၁၄ ရက်မြောက်နေ့ | နှစ်ယောက်အတူတူ ကြယ်တွေကြည့်ရန် ချမ်းလာတဲ့ အခါ တစ်ဖက်လူကို သင့်ရင်ခွင့်ထဲထည့်ကာ ဖက်ထားရန်
နောက်တစ်နေ့မနက်စောစော ၀မ်ကွမ်းနင်ဟာ အထုပ်အပိုးအစုံအလင်နဲ့ ဆံပင်ဆိုင်တစ်ဆိုင်ဆီ အပြေးသွားကာ သူ့ရဲ့ ဒေါင်းမြီးလိုထောင်နေတဲ့ ဆံပင်အထောင်တွေကို သွား ညှပ်ပစ်လိုက်တယ် ပြီးတော့ သူ့ ဆံပင်တွေကို ကြည့်ကောင်းတဲ့ ပုံပြန်ပြောင်းလိုက်တယ်
ကျေးဇူးတွေတင်တယ်. ကျန်းလင်ရိနဲ့ သူ့ရဲ့ 囧 သဘောတူညီချက်က တစ်ရက်တည်း မို့လို့သာပဲ. မဟုတ်ရင် ၀မ်ကွမ်းနင်လည်း ဂူအောင်းသိုင်းကျင့်ပြီး ရသေ့သာဝတ်သွားရမယ် နောက်တစ်ခါ အပြင်ထွက်ရဲမှာ မဟုတ်တော့ဘူး
နေ့လည်လောက်ရောက်တော့ ၀မ်ကွမ်းနင်က ဆံပင်ဆိုင်ထဲကနေ ပေါ့ပါးသွက်လက်စွာ ထွက်လာတယ်. သူ့ရဲ့ စိတ်အခြေအနေဟာလည်း အရင်ကထက် အများကြီးပိုကောင်းသွားတယ်. ဒါနဲ့ သူ ရွှင်ရွှင်မြူးမြူးနဲ့ ကျန်းလင်ရိဆီကို တခါမှ မပို့စဖူး သူ့ဘက်က အရင် မက်ဆေ့စ ပို့လိုက်တယ်
မင်း နေ့လည်စာ တူတူစားချင်လား?
အရင်လိုဆိုရင် ကျန်းလင်ရိက သူနဲ့ ရင်းရင်းနှီးနှီးနေဖို့ အခွင့်အရေးကို လက်လွတ်မခံပဲ ၀မ်းမြောက်ဝမ်းသာ လက်ခံလိုက်မှာ. ဒါပေမယ့် သူမထင်ထားတာက ကျန်းလင်ရိက အေးတိအေးစက်နဲ့ သူ့ကို ငြင်းလိုက်တယ်
ဒီနေ့ညကျမှပဲ စားကြတာပေါ့ ငါ ကျီဝိုက်နဲ့ နေ့လည်စာ စားမယ်ပြောထားပြီးပြီ
လာပြန်ပြီ လျိုကျီဝိုက်. ၀မ်ကွမ်းနင် နဲနဲ စိတ်ဓာတ်ကျသွားတယ်. ဒါကြောင့်သူက ခပ်ချေချေပဲ စာပြန်လိုက်တယ်
ESTÁS LEYENDO
အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)
RomanceF ယူနီဗာစီတီ ရဲ့ စွဲဆောင်မှု အရှိဆုံး ယောကျာ်း နှစ်ယောက်.... ၀မ်ကွမ်းနင် နဲ့ ကျန်းလင်ရိ ထိုလူငယ် နှစ်ဦးမှာ မည်သည့်ကိစ္စတွင်မဆို သူနိုင်ကိုယ်နိုင် အပြိုင်ကျဲကြမည်ဟု ကြွေးကြော်ကာ အမြဲပင် ယှဉ်ပြိုင်နေသော လူ နှစ်ယောက် သူတ...