အပိုင်း ၃၆ အဲ့​တော့ မင်း ငါနဲ့ အတူတူ​နေချင်​လား?

11.9K 1.6K 191
                                    

((Zawgyi))

အပိုင်း ၃၆
အဲ့​တော့ မင်း ငါနဲ့ အတူတူ​နေချင်​လား?


ကျန်းလင်​ရိကလည်း ၀မ်​ကွမ်းနင်​ကို မြင်​သွားတယ်​. သူဟာ ခဏ​လောက်​ ၀မ်​ကွမ်းနင်​ကို ​ကြောင်​​တောင်​​ငေးကြည့်​​နေပြီး​မှ မျက်​လုံး​တွေ ပြူးကျယ်​သွားတယ်​. သူမျက်​နှာဟာ ဟန်​မပျက်​ရှိ​နေ​ပေမယ့်​ ရင်​ဘက်​ထဲမှာ​တော့ ဘင်​ခရာတီးဝိုင်းလို ဆူညံပွက်​​လောက်​ရိုက်​​နေတယ်​. လှိုင်းလုံး​တွေဟာ သူ့နှလုံးသားကို တလိမ့်​လိမ့်​ ၀င်​ရောက်​တိုက်​ခတ်​​​​နေတယ်​.

ဒါဟာ အိပ်​မက်​လား? ဒါမှမဟုတ်​ ဒါ တကယ်​ကြီးဖြစ်​​နေတာလား?

ပြီးခဲ့တဲ့ ​လေးနှစ်​လုံးလုံး ကျန်းလင်​ရိဟာ သူတို့နှစ်​​ယောက်​ပြန်​ဆုံကြတယ်​ဆိုတဲ့ အိမ်​မက်​​တွေကို မ​ရေမတွက်​နိုင်​​အောင်​မက်​ခဲ့တယ်​. အိပ်​မက်​တစ်​ခုစီတိုင်းက တကယ့်​ဖြစ်​ပျက်​​နေသ​ယောင်​ ထင်​ရလွန်းလို့ သူပြန်​မနိုးထလာချင်ေ​လာက်​​အောင်​ အဲ့ဒီ အိပ်​မက်​​တွေထဲမှာ နှစ်​မြှုပ်​သွားခဲ့တယ်​. တကယ့်​လက်​​တွေ့ကို ပြန်​​ရောက်​လာတဲ့အချိန်​မှာ​တော့ သူ​ တွန့်​ဆုတ်​​နေတယ်

အဲ့ဒီစက္ကန့်​ပိုင်း​လောက်ဟာ အချိန်​နာရီ​တွေ ရပ်​တန့်​သွားတဲ့ အတိုင်းပဲ. သူတို့နှစ်​​ယောက်​လုံးဟာ ဒီလို အ​ခြေအ​နေမျိုးမှာ ရုတ်​တရတ်​​ပြန်​​တွေ့ရလိမ့်​မယ်​လို့ တစ်​ခါမှ မ​တွေးမိခဲ့ကြဘူး. အဲ့​တော့ နှစ်​​ယောက်​လုံးက အဲ့ချိန်​မှာ ဘာလုပ်​ရမှန်းမသိဖြစ်​ကုန်​ကြတယ်

ကျန်းလင်​ရိဟာ လုံးဝကို အံ့သြပြီး ရှုပ်​​ထွေး​နေတယ်​. ပြီး​တော့ သူနဲနဲ​တော့ စိတ်​ဆိုးတယ်

လေးနှစ်​ဆိုတဲ့အချိန်​ဟာ အရမ်းကို ကြာလွန်းတယ်​. အဲ့ဒါက သူတို့နှစ်​​ယောက်​အတူတူ ​ဝေမျှခဲ့တဲ့ အမှတ်​တရ​တွေကို​တောင်ေ၀၀ါးသွား​စေနိုင်​ရုံသာမက အမှန်​တရားဆိုတဲ့ နာကျင်​မှုကြီးကိုသာ ပိုပိုတိုးလာ​စေတယ်

အဲ့နာကျင်​ခံစားရမှုကြီးက ဆိုးလွန်းလို့ ၀မ်​ကွမ်းနင်​ကို​တောင်​ သူမုန်းမိ​တော့မယ်

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now