((Zawgyi))
အပိုင်း ၁၅
သစ္စာရှိရှိနဲ့ချစ်တတ်တဲ့ 'ကုန်´ တိုင်း
သူတို့ရဲ့ မာနခဲ 'ရှို´လေးတွေကို အတိုင်းမသိ
ခွင့်လွှတ်ပေးနိုင်ကြတယ်၁၂ရက်မြောက်နေ့ | တစ်ယောက်ဝယ်ချင်ပေမယ့် မ၀ယ်ရဲ့ ပစ္စည်းလေးကို တစ်ယောက်က တိတ်တိတ်လေးဝယ်ပေးမယ်
ဒီတိုက်ပွဲကြီးပြီးဆုံးသွားတော့ ၀မ်ကွမ်းနင်ရဲ့ အားမာန်တွေလည်း ကုန်ခန်းသွားတယ်.သူ အစကတော့ အဆောင်မှာ ကောင်းကောင်းပြန်အိပ်ချင်ပေမယ့် အဆောင်ထဲ ၀င်လိုက်တာနဲ့ မနေ့ညက သူမြင်ခဲ့တဲ့ ကကြိုးကကြောင် မြင်ကွင်ကြီးကို ပြန်သတိရလာတာနဲ့ အထဲဝင်ဖို့ တွန့်ဆုတ်သွားတယ်.
ကျန်းလင်ရိဟာ သူအဲ့လို တွန့်ဆုတ်နေရတဲ့ အကြောင်းကို ကြည့်လိုက်တာနဲ့ တန်းသိတယ်. ကျန်းလင်ရိဟာ စာနာသနားစွာနဲ့ ၀မ်ကွမ်းနင် ပုခုံးကို ပုတ်ကာပြောလိုက်တယ်
"ရှိုရှို, ငါတို့က ဂေး အတွဲတွေ ဖြစ်နေပြီဆိုမှတော့ မင်းရဲ့ 'ကုန်´ တစ်ယောက် အနေနဲ့ ငါမင်းကို ငါ့အဆောင်ကအိပ်ရာမှာ လာအိပ်ဖို့ စိတ်ရင်းနဲ့ ဖိတ်ခေါ်ပါတယ်"
ဝမ်ကွမ်နင် နှုတ်ခမ်းထောင့်တွေ တွန့်တက်သွားတယ်. ကျန်းလင်ရိရဲ့ စိတ်ကောင်းစေတနာကို သူသိပေမယ့် ဒီစကားလုံးတွေကြားရတာ နဲနဲတော့ ကို့ယို့ကားယားနိုင်နေတယ်!
ဒါပေမယ့် အခုအခြေအနေမှာ သူအနေနဲ့ သူနေတဲ့ အဆောင်ကလွဲ ဘယ်နေရာဖြစ်ဖြစ် ပိုအဆင်ပြေတယ်လို့တွေးနေတယ်. ဒါနဲ့ သူ ကျန်းလင်ရိကို တံတောင်နဲ့ တွတ်လိုက်ကာ သူ့အဆောင်ကိုပဲ လိုက်သွားတော့တယ်
ကျန်းလင်ရိအိပ်ရာက ၀မ်ကွမ်းနင် အရင်တစ်ခါ ရုပ်ရှင်တူတူကြည့်တုန်းထဲက တစ်ခါအိပ်ဖူးပြီးသားဖြစ်တာကြောင့် သူနဲ့အတော်ရင်းနှီးနေပြီိ. ဒီတော့ ၀မ်ကွမ်းနင် ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး အိပ်ရာပေါ်တန်းတက်သွားတယ်
YOU ARE READING
အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)
RomanceF ယူနီဗာစီတီ ရဲ့ စွဲဆောင်မှု အရှိဆုံး ယောကျာ်း နှစ်ယောက်.... ၀မ်ကွမ်းနင် နဲ့ ကျန်းလင်ရိ ထိုလူငယ် နှစ်ဦးမှာ မည်သည့်ကိစ္စတွင်မဆို သူနိုင်ကိုယ်နိုင် အပြိုင်ကျဲကြမည်ဟု ကြွေးကြော်ကာ အမြဲပင် ယှဉ်ပြိုင်နေသော လူ နှစ်ယောက် သူတ...