အပိုင်း ၅၉ အဆုံးသတ်​​​ဆိုတာ ​နောက်​တစ်​ခုရဲ့ အစပါပဲ!

21.5K 1.8K 363
                                    

((Zawgyi))

အပိုင်း ၅၉
အဆုံးသတ်​​​ဆိုတာ ​နောက်​တစ်​ခုရဲ့ အစပါပဲ!


ပါးပါးဝမ်​နဲ့ မားမားဝမ်​တို့ဟာ စိတ်​​​​ကို​လျော့ထားလိုက်​ကြပြီဆို​ပေမယ့်​ က​လေးနှစ်​​ယောက်​ သူတို့အိမ် ပြန်​လာတဲ့အခါ နှစ်​​ယောက်​လုံး စိတ်​​တွေအရမ်းလှုပ်​ရှား​နေတယ်

အထူးသဖြင့်​ ကျန်းလင်​ရိ​ပဲ. သူ့မှာ စိတ်​​တွေ အရမ်းလှုပ်​ရှား​နေလို့ မားမားဝမ်​တံခါးလာဖွင့်​​ပေးတဲ့အချိန်​ မျက်​နှာချင်း​တောင်​ မဆိုင်​ရဲဘူး. မားမားဝမ်​ကိုလည်း မြင်​လိုက်​​​ရော သူ ​ပလပ်​​တွေကျွတ်​ပြီး ပါးစပ်​က​နေလွှတ်​ကနဲ ​ပြောလိုက်​တယ်

"အ​မေ ကျွန်​​တော်​တို့ပြန်​လာပြီ"

မားမားဝမ်​ : "....."

မားမားဝမ်​ကလည်း သူ့မျက်​စိ​ရှေ့တင်​ သားသမက်​​လေးတစ်​​ယောက်​ တိုးလာတာမှန်​​ပေမယ့်​ တကယ်​တမ်း သူမရဲ့စိတ်​ထဲမှာ ဒါကို အပြည့်​အ၀ လက်​ခံနိုင်​ဖို့​ ​တော်​​တော်​ခက်​ခဲ​နေ​သေးတယ်

ကျန်းလင်​ရိက ဒါကို ချက်​ချင်း သတိထားမိသွား​ပြီး သူ​ပြောလိုက်​မိတာကို ​နောင်​တရသွားတယ်​. အဲ့​နောက်​ သူက ၀မ်​ကွမ်းနင်​ သူ့မိဘ​တွေနဲ့ ​တွေ့တုန်းက ဘယ်​လိုလုပ်​သလဲဆိုတာကို ချက်​ချင်းပြန်​သတိရသွားကာ ပြုံးပြုံး​လေးနဲ့ တိတ်​တိတ်​​လေးပဲ ​နေ​​နေလိုက်​တယ်

ဝမ်​ကွမ်းနင်​က နှုတ်​ခမ်း​​​​​တွေ တွန့်​သွားပြီး ကျန်းလင်​ရိကို အခန်းထဲ တွန်းထည့်​လိုက်​ကာ မားမားဝမ်​ကို ​ခေါင်းညိမ့်​ နှုတ်​ဆက်​လိုက်​တယ်

"အ​မေ"

မားမားဝမ်​က သူတို့ကို ဘာမှ ပြန်​မ​ပြောပဲ ဧည့်​ခန်းဆီကို ဦး​ဆောင်​ ​ခေါ်သွားတယ်​. ဧည့်​ခန်းထဲမှာ ပါးပါးဝမ်​ဟာ ပထမတစ်ခါလာ​တုန်းကလို TV ထိုင်​ကြည့်​​နေတယ်​. ဒါ​ပေမယ့်​ သူ့ အမူအရာက​ သက်​​တောင့်​သက်​သာမရှိပဲ ​တောင့်​​တောင့်​ကြီးဖြစ်​​နေတယ်​. သူကိုကြည့်​ရတာ စိတ်​ကိုတည်​ငြိမ်​​အောင်​ မနည်း​ကြိုးစား​နေပုံရတယ်​.

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now