((Zawgyi))
အပိုင်း ၁၄
မင်း အရှက်မရှိတဲ့ကောင် ငါရှိုရှိုကို မြန်မြန်လွှတ်လိုက်စမ်း၁၁ရက်မြောက်နေ့ | တစ်ယောက်နေမကောင်းတဲ့ အချိန် (သို့မဟုတ်) လမ်းပျောက်နေတဲ့ အချိန်တွေမှာ တစ်ယောက်ကို တစ်ယောက်အားပေးမယ်
ကျန်းလင်ရိ ၀မ်ကွမ်းနင်တစ်ခုခုနဲ့ ပတ်သတ်ပြီး မူမမှန်ဖြစ်နေတာသတိထားမိတယ်. ၀မ်ကွမ်းနင်က ဥာဏ်ရည်မြင့်မားပေမယ့် ပါရမီရှင်ဥာဏ်ကြီးရှင်တစ်ယောက်တော့ မဟုတ်ဘူးဆိုတာ ကျန်းလင်ရိသိတယ်. အဲ့အစား ၀မ်ကွမ်းနင်ဟာ စာကျက်အားသန်တဲ့ God of Study တစ်ယောက်သာဖြစ်တယ်. သူ့အနေနဲ့ ပုံမှန်အားဖြင့် စာအတော်ဆုံးကျောင်းသားဖြစ်ဖို့ အားစိုက်ထုတ်ပြီး ကြိုးစားရမှာပဲ
အဲ့ဒါကြောင့် ၀မ်ကွမ်းနင်ဟာ အမြဲလိုလို နှစ်ကုန်စာမေးပွဲအတွက် စာကျက်ဖို့ စိတ်အားထက်သန်သူဖြစ်တယ်. ဒါပေမယ့် ဒီနေ့တော့ သူ စာကြည့်တိုက်သွားဖို့ ခေါ်တာကို ၀မ်ကွမ်းနင်ဘက်က တကယ့်ကြီး ငြင်းဆန်လိုက်တယ်. အဲ့ကတည်းက တခုခုမူမမှန်ဖြစ်နေတာ သေချာပြီ
ဒါနဲ့ ကျန်းလင်ရိဟာ ဘ၀မှာ ပထမဆုံးအနေနဲ့ မနက်စောစောထကာ ၀မ်ကွမ်းနင် အဆောင်ဆီပြေးသွားတယ်. နောက်ဆုံးတော့ သူ စန်းစစ်ရန် ဆီက ထိတ်လန့်ဖွယ်သတင်းတစ်ခု ကြားခဲ့တယ်
ဝမ်ကွမ်းနင် မနေ့ညက လုံးဝ အဆောင်ပြန်မလာဘူး!
မနေ့က သူနဲ့ ၀မ်ကွမ်းနင် ကျောင်းကိုပြန်ရောက်တော့ မှတ်မှတ်ရရ အဆောင်လှေကားအောက်မှာ လမ်းခွဲသွားတာ. မဟုတ်မှလွဲရော မနေ့ကသူတို့ လူချင်းခွဲပြီးမှ ၀မ်ကွမ်းနင် အဆောင်ကနေ ထပ်ပြီး ထွက်သွားတာလား?
YOU ARE READING
အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)
RomanceF ယူနီဗာစီတီ ရဲ့ စွဲဆောင်မှု အရှိဆုံး ယောကျာ်း နှစ်ယောက်.... ၀မ်ကွမ်းနင် နဲ့ ကျန်းလင်ရိ ထိုလူငယ် နှစ်ဦးမှာ မည်သည့်ကိစ္စတွင်မဆို သူနိုင်ကိုယ်နိုင် အပြိုင်ကျဲကြမည်ဟု ကြွေးကြော်ကာ အမြဲပင် ယှဉ်ပြိုင်နေသော လူ နှစ်ယောက် သူတ...