((Zawgyi))
အပိုင်း ၂
"ကဲဒါဆိုနှစ်ယောက်ပေါင်းပြီးလူတေကို
ကလဲ့စားချေကြစို့"နေမင်းကြီးသည် မိုးကုတ်စက်ဝိုင်းကို ကျော်၍ ၀င်ရောက်ပျောက်ကွယ်သွားသည်
ညဘက်ရောက်တော့ ကွင်းပြင်ကြီးမှာ အလွန် အေးစက်စက်နိုင်သည်
လမ်းမီးတိုင်များမှာလည်း မှိန်ပျပျလေး ထွန်းလင်းနေသည်
ထိုဖက်တီး နှင့် ယုဟိုက်နင်တို့ ထွက်သွားပြီးအချိန်အတော်ကြာသည်အထိ ၀မ်ကွမ်းနင် နှင့် ကျန်းလင်ရိ တို့မှာ နေရာမှာပင် မလှုပ်မယှက် ကြက်သေသေလျက်...
လေအေးတစ်ချက် ပင့်တိုက်သွားပြီးတဲ့နောက် ကျန်းလင်းရိက နောက်ဆုံးမှာ စကားစတင်ပြောလာတယ်"မင်း ပြောကြည့်စမ်း...ခုနက လူကြီးက ယုဟိုက်နင် ရဲ့ ချစ်သူလား"
တကယ်တော့ ပုံမှန်တွေးတော နိုင်စွမ်းရှိတဲ့ ဘယ်သူမဆို ယုဟိုက်နင်နဲ့ အဲ့ဖက်တီးရဲ့ ပတ်သတ်မှုကို မှန်းကြည့်လို့ရနေပြီလေ.... ကျန်းလင်ရိက ဒီမေးခွန်းကို သူ့ကိုယ်သူ ဖြေသိမ့်နိုင်ဖို့အတွက် မေးလိုက်ခြင်းဖြစ်သည်
"ကျေးဇူးပြုပြီး အဲ့မေးခွန်းကြီး မမေးစမ်းပါနဲ့ကွာ"
ဝမ်ကွမ်းနင်က သူ့ခေါင်းကို အုပ်ကိုင်ပြီး စိတ်သောကရောက်စွာ ပြောလိုက်သည်
"ဒီစကားမျိုး ပြောရတာ အဲ့ဖက်တီးအစုတ်ပလုတ်နဲ့ ယှဉ်လိုက်ရင် ငါက သုံးစားမရတဲ့ကောင် ဖြစ်သွားသလို ခံစားရတယ် အဲ့ဒါထက် ယုဟိုက်နင်က အဲ့လူကြီးရဲ့ အငယ်အနှောင်းဖြစ်နေတာတော့ အသေအချာပဲ"
ကျန်းလင်ရိက ခေါင်းကို အပေါ်မော့ပြီး သက်ပြင်းတစ်ချက် ရှိုက်လိုက်သည် တို့နောက် မြေကြီးပေါ်လက်နောက်ပြန်ထောက်ရင်း ပြောလိုက်သည်
"မိန်းမတွေများ ဘာလို့များ အဲ့သလောက် လက်တွေ့ကျလွန်းတာပါလိမ့်ကွာ"
YOU ARE READING
အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)
RomanceF ယူနီဗာစီတီ ရဲ့ စွဲဆောင်မှု အရှိဆုံး ယောကျာ်း နှစ်ယောက်.... ၀မ်ကွမ်းနင် နဲ့ ကျန်းလင်ရိ ထိုလူငယ် နှစ်ဦးမှာ မည်သည့်ကိစ္စတွင်မဆို သူနိုင်ကိုယ်နိုင် အပြိုင်ကျဲကြမည်ဟု ကြွေးကြော်ကာ အမြဲပင် ယှဉ်ပြိုင်နေသော လူ နှစ်ယောက် သူတ...