((Zawgyi))
အပိုင်း ၅၄
မင်း...သဘောတူပေးနိုင်မလား?နောက်တစ်နေ့မနက်စောစောမှာ ၀မ်ကွမ်းနင်ဟာ ကျန်းလင်ရိမိဘတွေ အိပ်ရာမနိုးသေးခင်မှာတင် ကျန်းလင်ရိကို သူ့အခန်းထဲကနေ အပြင် မြန်မြန်ကန်ထုတ်လိုက်တယ်.
ကျန်းလင်ရိက အိပ်ချင်မူးတူးနဲ့ ၀မ်ကွမ်းနင်အပေါ် ခိုအားလား တစ်ကောင်လို တွယ်ကပ်ပြီးနေနေလို့ နောက်ဆုံးမှာ အခန်းပြင်ကို ရက်ရက်စက်စက် နှင်ထုတ်ခံလိုက်ရတာဖြစ်တယ်
ကျန်းလင်ရိမိဘတွေ အိပ်ရာကနိုးလာတော့ မားမားကျန်းက ကျန်းလင်ရိကို သူ့အခန်းထဲကနေ မနက်စာချက်ဖို့ဆိုပြီး မီးဖိုဆောင်ထဲကို နားရွက်ကနေဆွဲပြီးခေါ်သွားတယ်
အဲ့တော့မှ ၀မ်ကွမ်းနင်က သူ့အခန်းထဲကနေ ဘာမှမဖြစ်သလိုဟန်ဆောင်ပန်ဆောင် ထွက်လာကာ သူ ဟောင်ကောင်ကနေ၀ယ်ခဲ့တဲ့ health care product ဆေးတွေကို လူကြီးနှစ်ယောက်ကို လက်ဆောင်ပေးလိုက်တယ်
အစကတော့ သူက အဲ့ဒီဆေးတွေကို သူ့မိဘတွေကိုပေးဖို့ ရည်ရွယ်ပြီးဝယ်လာခဲ့တာဖြစ်တယ်. ဒါပေမယ့် မမျှော်လင့်ပဲ ဒါတွေက အတော်ပဲဖြစ်သွားတယ်.
မားမားကျန်းက အဲ့ဒီဆေးပစ္စည်းဗူးတွေကို ကြည့်ကာ ပြောလိုက်တယ်
"အိုး ဒါက ခုတလော TV မှာ ကြော်ငြာနေတဲ့ ပစ္စည်းတွေမဟုတ်လား? မားမားတောင် အဲ့ဒါ ၀ယ်သုံးကြည့်ချင်နေတာ. ရှောင်ဝမ် မင်းက အရမ်းကြင်နာတတ်တာပဲ"
ဝမ်ကွမ်းနင်ဟာ မားမားကျန်းသဘောတွေကျနေတာမြင်တော့ ၀မ်းသာပီတိဖြစ်မိတယ်. သူက စိတ်ထဲကနေ ကြိတ်ကျေနပ်နေရင်းက ကျန်းလင်ရိကို သူ့အတွက် ၀ယ်လာတဲ့အင်္ကျီတွေ ပေးလိုက်ကာ အ၀တ်အစားသွားလဲခိုင်းလိုက်တယ်
ဝမ်ကွမ်းနင်ဟာ သူအတွက်အင်္ကျီနှစ်စုံဝယ်လာခဲ့တယ်. တစ်စုံကတော့ ပရော်ဖက်ရှင်နယ်ဆန်ဆန် အနောက်တိုင်း formal ၀တ်စုံဖြစ်ပြီး နောက်တစ်စုံကတော့ ထသွားထလာ ပေါ့ပေါ့ပါးပါး ၀တ်စုံ တစ်စုံ..
YOU ARE READING
အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)
RomanceF ယူနီဗာစီတီ ရဲ့ စွဲဆောင်မှု အရှိဆုံး ယောကျာ်း နှစ်ယောက်.... ၀မ်ကွမ်းနင် နဲ့ ကျန်းလင်ရိ ထိုလူငယ် နှစ်ဦးမှာ မည်သည့်ကိစ္စတွင်မဆို သူနိုင်ကိုယ်နိုင် အပြိုင်ကျဲကြမည်ဟု ကြွေးကြော်ကာ အမြဲပင် ယှဉ်ပြိုင်နေသော လူ နှစ်ယောက် သူတ...