((Zawgyi))
အပိုင်း ၃၉
မီးဖိုဆောင်ဆိုတာ အမြဲထာဝရ ဂေးအချစ်တွေနဲ့
ရောင်ဝါတွေ ဖြာနေတဲ့ နေရာပဲ....
နောက်တစ်နေ့မှာတော့ ကျန်းလင်ရိက အလုပ်ကိစ္စနဲ့ ခရီးထွက်သွားခဲ့တယ်. ၀မ်ကွမ်းနင်ကတော့ ပြည်တွင်းရောင်းဝယ်သူတွေနဲ့ အစည်းအဝေးတစ်ခုလုပ်ခဲ့တယ်ဖူမာအိုခါအိစိဟာ ပြည်မကြီးရဲ့ ဈေးကွက်ထဲကို ၀င်ရောက်လာတာမကြာသေးတာကြောင့် ပြည်တွင်းရောင်းဝယ်သူတွေကို ကိုင်တွယ်တဲ့အဖွဲ့ဟာ အတွေ့အကြုံများများမရှိကြဘူး. အဲ့ဒီမှာ ၀မ်ကွမ်းနင်ရဲ့ အလွန်အရေးပါတဲ့ အခန်းကဏ္ဍက ဖြန့်ဝေရေးဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်းတွေကို အမှားအယွင်းမရှိပြီးပြည့်စုံအောင် ပြုလုပ်ပေးရတာပဲဖြစ်တယ်.
ဒါပေမယ့် အတွေ့အကြုံရှိတဲ့ ၀ါရင့်ရောင်းဝယ်ဖောက်ကားသူတွေဟာ သူတို့ကိုယ်ပိုင် ပူးပေါင်းဆောင်ရွက်နေကျ ပုံသေ စီးပွားရေးပါတနာတွေ ရှိနေကြပြီးသားဖြစ်တယ်. ဒါ့အပြင် အဲ့ဒီ ပါတနာတွေအားလုံးက ဟွိုက်ဒီနိုင်ငံတကာလိုမျိုး နိုင်ငံတကာနဲ့ဆက်သွယ်လုပ်ကိုင်နေတဲ့ ကြကီးမားတဲ့ ကော်ပိုရေးရှင်းအဖွဲ့အစည်းတွေ ဖြစ်ကြတယ်. သူတို့တွေနဲ့ ဆက်သွယ်ဖို့ကျပြန်တော့ ကျသင့်မယ့် ကုန်ကျစရိတ်က အရမ်းကိုမြင့်မားနေတယ်. ဒါဟာ ပြည်မကြီးဈေးကွက်ထဲကို ခုမှ စတင်ခြေကုတ်ယူခါစ မတည်ငြိမ်သေးတဲ့ ဖူမာအိုခါအိစိ မြို့တော် G ဋ္ဌာနခွဲအတွက်တော့ အမြတ်အစွန်းနည်းပြီး အကျိုးမရှိလှဘူး.
တကယ်လို့ သူတို့ဟာ ရောင်းဝယ်သူတွေနဲ့ အတူတူတွဲလုပ်ဖို့ အဖွဲ့အစည်းအသစ်တစ်ခု စတင်ပြိုးထောင်မယ်ဆိုရင်လည်း အဲ့ဒါက အချိန်တော်တော်ယူရဦးမှာ ဖြစ်တယ်. အဲ့ဒီလိုသာ လုပ်ခဲ့မယ်ဆိုရင်လည်း ဒေသခံဝါရင့်ရောင်းဝယ်ဖောက်ကားသူတွေအနေနဲ့ သူတို့ကို ဖိနှိပ်ပစ်လိုက်ဖို့ရာ အလွန့်အင်မတန် လွယ်ကူသွားလိမ့်မယ်. ဒါကြောင့် စွန့်စားအားထုတ်ရမှာတွေက အတော်လေးများပြားမြင့်မားနေတယ်
YOU ARE READING
အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)
RomanceF ယူနီဗာစီတီ ရဲ့ စွဲဆောင်မှု အရှိဆုံး ယောကျာ်း နှစ်ယောက်.... ၀မ်ကွမ်းနင် နဲ့ ကျန်းလင်ရိ ထိုလူငယ် နှစ်ဦးမှာ မည်သည့်ကိစ္စတွင်မဆို သူနိုင်ကိုယ်နိုင် အပြိုင်ကျဲကြမည်ဟု ကြွေးကြော်ကာ အမြဲပင် ယှဉ်ပြိုင်နေသော လူ နှစ်ယောက် သူတ...