အပိုင်း ၂၅ ကိုယ့်​လူကိုကိုယ်​ သ၀န်တို​ကြမယ်​!

9.4K 1.5K 173
                                    

((Zawgyi))

အပိုင်း ၂၅
ကိုယ့်​လူကိုကိုယ်​ သ၀န်​တိုကြမယ်​!

ရက်​ ၂၀ ​မြောက်​​နေ့ | တစ်​ဖက်​လူအတွက်​ ရှာလကာရည်​ ​သောက်​​ပေးရန်

ယုဟိုက်​နင်​ဟာ ကျိုး​ကြောင်းဆင်​ခြင်ဥာဏ်​ရှိ​သေးတယ်​ဆိုရမယ်​. သူမဟာ ရှာရခက်​တဲ့ လူပြတ်​တဲ့ ​နေရာအထိ​တော့ ​ပြေးမသွားခဲ့ဘူး. သူမဟာ ကန်​​ဘေးမှာ တည်​တည်​ငြိမ်​ငြိမ်​ပဲ ထိုင်​​ကာ ​ကောင်းကင်​ကြီးကို ​ငေးကြည့်​​နေတယ်

ဝမ်​ကွမ်းနင်​ သူမဆီ​လျှောက်​သွား​တော့ သူမဆီက အရက်​နံ့ပြင်းပြင်းရလိုက်​တယ်​. ထင်​တဲ့အတိုင်းပဲ သူမ မူး​နေပြီ

"​ဟေး မင်း အဆင်​​ပြေရဲ့လား?"

ဝမ်​ကွမ်းနင်​ဟာ ယုဟိုက်​နင်​ဆီ ​လျှောက်​သွားလိုက်​ကာ ၀တ်​​ကျေတမ်း​ကျေ ​မေးလိုက်​တယ်​.

ယုဟိုက်​နင်​ဟာ ​ခေါင်းကို ဖြည်းဖြည်းချင်း လှည့်​လာကာ ၀မ်​ကွမ်းနင်​ကို ​တွေ့သွားတယ်​. အဲ့​နောက်​သူမက ဖြူစင်​ပြီး အပြစ်​ကင်းစင်​တဲ့ အပြုံးမျိုးနဲ့...

"ကွမ်း.....ကွမ်းနင်​....နင်​​ရောက်​လာတယ်​...."

စကား​ပြော​နေရင်း သူမကိုယ်​လုံးက ၀မ်​ကွမ်းနင်​​ပေါ်ကို ပြုတ်​ကျသွားတယ်

ဝမ်​ကွမ်းနင်​ဟာ သူမကို အလျင်​အမြန်​ပဲ ဆွဲထူလိုက်​ကာ သူမ သူ့​ပေါ် ပြုတ်​မကျလာ​အောင်​ တားဆီးလိုက်​တယ်​. သူက မျက်​​မှောင်​ကြုတ်​ လိုက်​ကာ​ပြောတယ်

"မင်း ဘယ်​လို​တောင်​ ​သောက်​ထားတာလဲ?"

" နင်​ကို... သတိရလို့...."

ယုဟိုက်​နင်​က မူးမူးနဲ့​ပြောလိုက်​တယ်​. သူမခေါင်းက ​ဘေးကို ​စောင်း​သွားကာ ၀မ်​ကွမ်းနင်​ လက်​​မောင်း​ပေါ် ပြုတ်​ကျသွားတယ်​. သူမက မ​ထင်​မှတ်​​လောက်​​အောင်​ အိပ်​​ပျော်​​သွားတယ်

Fuck ပဲ ဒါ ဘယ်​လို အ​ခြေအ​နေမျိုးကြီးလဲ?

ဝမ်​ကွမ်းနင်​ဟာ ယုဟိုက်​နင်​ကို စိတ်​ရှုပ်​ရှုပ်​နဲ့ ​ငေးကြည့်​​နေတယ်​. သူမအိပ်​​နေ​တဲ့ပုံက ဖြူစင်​ပြီး နှစ်​လိုဖွယ်​​ကောင်းတယ်​. မယုံနိုင်​​လောက်​​အောင်​ပဲ သူမဒီ​လောက်​​သောက်​ထားတာ​တောင်​ သူမရဲ့ မိတ်​ကပ်​က မပျက်​သွားဘူး

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now