((Zawgyi))
အပိုင်း ၃၄
တကယ်တော့ ငါက Hakuna Matata ဂြိုဟ်ကမ္ဘာဆီ သွားပြီး ထီးမွေနန်းမွေဆက်ခံလာခဲ့တာပဲ!ခစ်ခစ်, အချိန်ဆိုတာ ရေတသွင်သွင်စီးဆင်းနေတဲ့အတိုင်းပဲလို့ ပြောကြတယ်. မျက်စိတမှိတ်အတွင်းမှာ ၄ နှစ်တာကာလဟာ ကုန်ဆုံးသွားခဲ့ပြီ!
နေသာတဲ့ နေ့လည်းခင်းတစ်ခုရဲ့ မြို့တော် G က လေဆိပ်ထွက်ပေါက်တစ်ခုမှာဖြစ်တယ်.....
ကလေးလိုလို မျက်နှာလေးနဲ့ ခပ်၀၀ ကောင်လေးတစ်ယောက်ဟာ ရွှင်မြူးစွားပြုံးရင် တစ်ပတ်ရစ် ဘောက့်စ်ဝက်ဂွန်ကားတစ်စီးကို မှီပြီးရပ်နေတယ်
အချိန်အတော်ကြာပြီးတဲ့နောက် ပေါ့ပေါ့ပါးပါး ၀တ်ဆင်ထားတဲ့ အရပ်ရှည်ရှည် ပုံရိပ်တစ်ခုဟာ ခရီးဆောင်အိတ်ကို သူ့နောက်မှာ ဆွဲလာကာ အေးဆေးစွာ လမ်းလျှောက်ပြီးထွက်လာတယ်
ထိုသူဟာ အသက်ရှုမှားလောက်အောင် ရုပ်ရည်ချောမောတယ်. သူ့ရဲ့ ခန့်ညားထည်ဝါမှုဟာ အနုလက်ရာမြောက်စွာ ထုဆစ်ထားသည့်အလား..သူက လေဆိပ်ထွက်ပေါက်ကနေ အေးအေးလူလူ လမ်းလျှောက်လာတယ်. သူ့ရဲ့ လှုပ်ရှားမှုတိုင်းဟာ ရင်သက်ရှုမောဖွယ် ခမ်းနားမှုရောင်ဝါတွေ ထွက်နေတာကြောင့် လူတိုင်းရဲ့ မျက်စိတွေက သူ့ဆီက မခွာနိုင်အောင် ဖြစ်လို့နေတယ်
ကလေးမျက်နှာလေးနဲ့ ကောင်လေးဟာ ထိုသူကိုလည်း မြင်ရော ချက်ချင်းပဲ လှမ်းအော်ကာ သူ့ဆီကို ပြေးသွားတယ်
"၀မ်ကွမ်းနင်"
ဝမ်ကွမ်းနင်ဟာ ပြေးဝင်လာတဲ့ စန်းစစ်ရန်နဲ့ ကိုယ်လုံးချင်းတိုက်မိသွားပြီနောက် သွားတွေပေါ်အောင် ပြုံးလိုက်ရင်း သူက ဆိုတယ်
"မတွေ့ရတာကြာပြီ"
သူ့အသံဟာ အတွေ့အကြုံနုနယ်သေးတဲ့ လူငယ်လေးတစ်ယောက်အသံမျိုး မဟုတ်တော့ဘူး. အဲ့အစား သူ့အသံက သံလိုက်ဓာတ်လို ဆွဲဆောင်မှုအပြည့်နဲ့ ပိုသြပြီးလေးနက်လာတယ်.
YOU ARE READING
အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)
RomanceF ယူနီဗာစီတီ ရဲ့ စွဲဆောင်မှု အရှိဆုံး ယောကျာ်း နှစ်ယောက်.... ၀မ်ကွမ်းနင် နဲ့ ကျန်းလင်ရိ ထိုလူငယ် နှစ်ဦးမှာ မည်သည့်ကိစ္စတွင်မဆို သူနိုင်ကိုယ်နိုင် အပြိုင်ကျဲကြမည်ဟု ကြွေးကြော်ကာ အမြဲပင် ယှဉ်ပြိုင်နေသော လူ နှစ်ယောက် သူတ...