အပိုင်း ၅၅ ဟုတ်​ကဲ့ ကျွန်​​တော်​နဲ့ ZLY ချစ်​​နေကြတာပါ ၁

11.2K 1.5K 118
                                    

((Zawgyi))

အပိုင်း ၅၅
ဟုတ်​ကဲ့ ကျွန်​​တော်​နဲ့ ZLY ချစ်​​နေကြတာပါ

ဖူမာအိုခါအိစိဟာ ပထမဆုံးအကြိမ် ပြည်​မကြီးမှာ အလွန်ြ​ကီးမားတဲ့ ကုန်​ပစ္စည်းပြပွဲတစ်​ခုကိုကျင်းပပြုလုပ်​ခဲ့တယ်​. ပြပွဲရဲ့ အခမ်းအနားအပြင်​အဆင်​​တွေက အဆင့်​မြင့်​မြင့်​နဲ့ သဘာဝကျလှတယ်​. ဂိတ်​တံခါးဝနဲ့ မျက်​နှာချင်းဆိုင်​မှာ​ ခမ်းနားတင့်​တယ်​တဲ့ စင့်​မြင့်​ကြီးတစ်​ခုကို ​ဆောက်လုပ်​ထားပြီး အဖြူ​ရောင်​​နောက်​ခံ​​တွေနဲ့ အလှဆင်​ထားတယ်

ဒီတစ်​ကြိမ်​ ကျင်းပတဲ့ ကုန်​ပစ္စည်းပြပွဲကြီးဟာ လာ​ရောက်​၀ယ်​သူများစွာနဲ့ စည်​ကားသိုက်​မြိုက်​​လို့​နေတယ်​. ​ဝေရီဝမ်​ဟာ လူကြည့်​​တော့ အားကိုးလို့မရသလိုလိုနဲ့ ၀ယ်​လက်​​တွေနဲ့ သူ့ရဲ့ ဆက်​ဆံ​ရေးက​တော့ မ​မျှော်​လင့်​ထားလောက်​​အောင်​ ​ကောင်းမွန်​လို့​နေတယ်​. သူနဲ့ အရင်​က အလုပ်​တူတူလုပ်​ဖူးတဲ့ ​ဖောက်​သည်​​ပေါင်းများစွာဟာလည်း သူ့မျက်​နှာနဲ့ ပြပွဲကို လာ​ရောက်​ကြည့်​ရှုကြတယ်​. ဒါအပြင်​ ဒီပြပွဲကြီးက အများပြည်​သူ​တွေအားလုံးကိုပါ ပါဝင်​ဆင်​နွှဲဖို့ ဖိတ်​​ခေါ်ထားတာ​ကြောင့်​ လုပ်​​ဖော်​ကိုင်​ဖက်​ ကုမ္ပဏီ​တွေဖြစ်​တဲ့ DM China နဲ့ ဟွိုက်​ဒီနိုင်​ငံတကာ တို့ကလည်း မပါမဖြစ်​ ပါဝင်​တက်​​ရောက်​လာကြတယ်​.

ကျန်းလင်​ရိဟာ အ​နောက်​တိုင်း ၀တ်​စုံကို အကျအန၀တ်​ဆင်​ထားတယ်​. ​နောက်​ပြီး သူက လူအုပ်​ကြီးကြားထဲမှာရပ်​​ပြီး လူ​ကောင်​ခပ်​​သေး​သေးနဲ့ ဘယ်​သူအဖက်​လုပ်​ခြင်းမခံရတဲ့ ရွှီ​ကော​ကွေ့ကို မ​ကျေမနပ်​နဲ့ ကြည့်​​နေတယ်​. ​သူဟာ စိတ်​ထဲက​နေ အဲ့​ကောင်​ဆီ​ပြေးသွားပြီး သူ့​ဘောကိုမကန်ပစ်​မိ​အောင်​ သူကြိုးစား​နေတယ်

ကျန်းလင်​ရိဟာ ပြသာနာအရှုပ်​အရှင်း​တွေ ဖြစ်​ပြီးသွားတဲ့​နောက်​ ၀မ်​ကွမ်းနင်​ မျက်​နှာ​ကြောင့်​ ဘာမှမလုပ်​ပဲ တိုးတိုးတိတ်​တိတ်​​ ​နေရင်း သက်​ပြင်းချလာခဲ့ရတာ အချိန်​အ​တော်​ကြာခဲ့ပြီဖြစ်​တယ်

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Donde viven las historias. Descúbrelo ahora