((Zawgyi))
အပိုင်း ၁.၂
"သိပ်ဟုတ်တာပေါ့!! သူတို့က F ယူနီဗာတီစီရဲ့
အသည်းကျော် နှစ်ယောက်လေ"နောက်တစ်နေ့ နေ့လည် သုံးနာရီမှာ ၀မ်ကွမ်းနင် နဲ့ ကျန်းလင်ရိတို့ နှစ်ယောက်ဟာ မြက်ခင်းတုကွင်းပြင်ဆီကို အချိန်မီပဲ ရောက်နေကြပီ
ဒီကွင်းကြီးဟာ တကယ်တော့ F ယူနီဗာစီတီရဲ့ ဘောလုံးကွင်းကြီးပဲ
F ယူနီဗာစီတီမှာ ကွင်းကြီး ၂ခုရှိတယ် တစ်ခုကတော့ မြက်ခင်းအစစ်တေနဲ့ လုပ်ထားတဲ့ ကွင်း နောက်တစ်ခုကတော့ ဟောဒီ မြက်ခင်းအတုတေနဲ့ လုပ်ထားတဲ့ မြက်ခင်းတုကွင်း...
ဒီမြက်ခင်းတုကွင်းက နဂိုတည်းက လူတေနဲ့ဝေးတဲ့ နေရာမှာ ရှိနေတာမလို့ လူတော်တော်များများက ဒီဘက်ကို လေ့ကျင့်ခန်းလုပ်ဖို့အတွက်တောင် မလာကြဘူး လူအရောက်အပေါက်လည်းနည်းတော့ တဖြည်းဖြည်းနဲ့ ဒီကွင်းကြီးဟာ F ယူနီဗာစီတီက ကျောင်းသားတေရဲ့ အချိန်းအချက်လုပ်ပီး ဆော်ပလော်တီးကြတဲ့ နေရာ တခု အော်တို ဖြစ်သွားတယ်
ဘယ်ကိစ္စနဲ့ ပတ်သတ်လို့ဖြစ်ဖြစ် သဘောထားချင်းမတိုက်ဆိုင်တာ မကျေနပ်တာရှိတိုင်း ကျောင်းသားတေဟာ သူတို့ ရန်ငြိုးတေကို ဒီကွင်းဆီကို လာပြီး စာရင်းရှင်းလေ့ရှိတယ်
တစ်ခါတစ်လေ သင်ကံကောင်းရင်တော့ အချောအလှလေးတေ တစ်ယောက်ဆံပင် တစ်ယောက်ဆွဲကာ စာရင်ရှင်းတာကို သင်မြင်နိုင်လိမ့်မယ်
ဒီနေ့ရာသီဥတုကလည်း ဆော်ပလော်တီးဖို့အတွက် အတော်လေးကောင်းနေတယ် .. အေးမြနဲ့ ရာသီဥတုနဲ့ လေထုဟာ မြေပြင်ပေါ်က သစ်ရွက်ခြောက်တေကို လေအဝှေ့မှာ ခေါ်ဆောင်သွားတယ်နှစ်ယောက်သား မျက်နှာချင်းဆိုင်ရပ်လိုက်ကြတော့ ၀မ်ကွမ်းနင်က ကျန်းလင်ရိထက် အရပ် ပိုရှည်တယ် ကျန်းလင်ရိရဲ့ ပိုမိုတောင့်တင်းတဲ့ ခန္ဓာကိုယ်နဲ့ ယှဉ်လိုက်ရင်တော့ ၀မ်ကွမ်းနင်က နဲနဲတော့ ပိန်တယ်
ကျန်းလင်ရိရဲ့ အထင်ကြီးလေးစားလောက်စရာ အမူအရာကတော့ ၀မ်ကွမ်းနင်ထက် မလျော့ဘူး
သူတို့အကျီတွေဟာ လေထဲမှာ တဖျတ်ဖျတ်လွင့်နေတယ် နှစ်ယောက်စလုံးနဲ့ ပုံစံတေဟာလည်း အထင်ကြီးလေးစားလောက်စရာပဲ
ဝမ်ကွမ်းနင်က သူ့မျက်လုံးတေကို မှေးစဉ်းလိုက်ရင်းက ပြောတယ်
CZYTASZ
အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)
RomansF ယူနီဗာစီတီ ရဲ့ စွဲဆောင်မှု အရှိဆုံး ယောကျာ်း နှစ်ယောက်.... ၀မ်ကွမ်းနင် နဲ့ ကျန်းလင်ရိ ထိုလူငယ် နှစ်ဦးမှာ မည်သည့်ကိစ္စတွင်မဆို သူနိုင်ကိုယ်နိုင် အပြိုင်ကျဲကြမည်ဟု ကြွေးကြော်ကာ အမြဲပင် ယှဉ်ပြိုင်နေသော လူ နှစ်ယောက် သူတ...