Ch-2

1.8K 188 6
                                    

👀unicode 👀

ညမှောင်ရီချိန် ကားတစ်စီး ခြံဝန်းထဲသို့ ဝင်လာလေ၏။ ထိုကားပေါ်မှ ကောင်လေးတစ်ယောက်ဆင်းလာသည်နှင့် အိမ်ထဲမှ အမျိုးသမီးတစ်ဦးထွက်လာခဲ့သည်။ ထိုအမျိုးသမီးသည် အသက်ကြီးပုံ သိပ်မပေါ်သလို ကျက်သရေရှိသည့် အမျိုးသမီးပင်။ ကားပေါ်က ဆင်းလာ​သော ကောင်လေးမှာလည်း ထိုအမျိုးသမီးထံသို့ လျှောက်လှမ်းလာ၏။

"မေမေ ကိုကိုပြန်လာပြီလား" အိမ်သို့ရောက်သည်နှင့် မေးရပါသော ထိုအမေး။ အမေဖြစ်သူ ထိုအမျိုးသမီးကြီးမှာလည်း သက်ပြင်းရှည်ချရင်း ခေါင်းရမ်းမိသည်။

"အခုထိ ပြန်မရောက်သေးပါဘူး သားရယ် မင်းဖေဖေပြန်လာရင် သူ့ကို ဆူနေမှ ဒုက္ခ" မိခင်၏ညည်းတွားနေသည့်စကားကြောင့် သူလည်း စိတ်ညစ်ရပါ၏။

ကိုကိုဆိုသူ မြူဘုန်းမာန်ဟာ အမြဲတမ်း လုပ်ချင်ရာလုပ်တတ်သည့်သူပင်။ အိမ်ပြန်လည်း နောက်ကျတတ်သလို အမြဲတမ်းလည်း ပြဿနာရှာတတ်သည်။ ထိုကဲ့သို့ သူအား မှူးအခရာမှာ အမြဲတမ်း စိတ်မချဖြစ်နေရသလို ကြောက်လည်းကြောက်ရပါသည်။ အခု ည၁၁ ကျော်နေပြီ။ ညနေက မှူးအပြင်မသွားခင်တုန်းကတော့ အိမ်ကိုစောစောပြန်လာဆိုပြီး သူကိုယ်တိုင် ကြိမ်းသွားခဲ့တာ။ အခုတော့ သူက ပြန်မရောက်သေး။ မကြာခင် ဖေဖေလည်း ပြန်လာတော့မည်။ ဖေဖေပြန်လာလို့မှ သူမရောက်သေးရင် သူတော့ဒုက္ခရောက်ပြီဆိုတာ မှူးသိနေသည်။

တီတီ.....
တွေးနေတုန်းမှာဘဲ ခြံထဲသို့ ဝင်လာသော ကားတစ်စီး။ မှူး ဝမ်းသာအားရ ကြည့်မိသော်လည်း ထိုကားပိုင်ရှင်က ကိုကိုမဟုတ်ဘဲ ဖေဖေဖြစ်နေ၏။ မှူးရော မိခင်ဖြစ်သူပါ မျက်နှာ​ပေါ်တွင် စိုးရိမ်မှုအပြည့်တို့ စိုးမိုးနေ၏။

"မင်းတို့နှစ်ယောက်က ဘာလို့ အိမ်ရှေ့မှာ ရှိနေကြတာလဲ ဟိုကောင်ရော" ခပ်တင်းတင်းမျက်နှာတို့ဖြင့် မေးနေသော ဖခင်ဖြစ်သူကြောင့် မှူးနဲ့အမေဖြစ်သူမှာ ဘာပြောရမှန်းမသိဖြစ်နေသည်။ သူတို့နှစ်ဦး ပုံစံကိုကြည့်ပြီး မြူဘုန်းမာန်၏အဖေဦးဘုန်းမာန် ရိပ်မိပြီလေ။ ထို့အတူ မျက်နှာထက်တွင်လည်း ဒေါသရိပ်တို့ ဖြတ်သန်းလာလေပြီ။ စိတ်ထဲတွင်တော့ ထိုကောင်ပြန်လာရင် အသေဘဲ ဟု ကြိမ်းနေလေပြီ။

Love Virus( Completed)Donde viven las historias. Descúbrelo ahora