👀uni & zaw👀
မှူးနဲ့တွေ့ပြီးနောက် လွမ်းစိတ်ထဲ ပေါ့ပါးမှုကိုဖြစ်စေသည်။ သို့ပေသိ သေချာတဲ့ဆုံးဖြတ်ချက်ကိုတော့အတိအကျမချနိုင်သေးပေ။ မချနိုင်တာထက်မချရဲတာဆိုပိုမှန်မည်လား။
"သား ပြန်လာပြီလား" လွမ်းအိမ်ထဲသို့ဝင်သည်နှင့် ရိုဏ်းစျာန်၏မိခင် ဒေါ်မိမိက လာရောက်ကြိုဆိုနေသည်။ မျက်နှာထက်မှာလည်းအပြုံးတို့ဖြင့်ဆီးကြိုလျက်။
"ဟုတ် အန်တီ"
"လာ သား ....သားကိုအန်တီပြစရာရှိတယ်"အန်တီကပြောရင်း လွမ်းလက်မောင်းအား ဆွဲကာ မီးဖိုခန်းဆီခေါ်သွားလေသည်။ လွမ်းမှာ ဘာမှန်းညာမှန်းမသိ ကို့ရိုးကားယားပါသွားပေမယ့် ဒေါ်မိမိကတော့ ပြုံးတုံးတုံးဖြင့်ပင်။ ဒေါ်မိမိခေါ်ရာနောက်လိုက်လာတော့ မီးဖိုးခန်းတွင်းတွေ့လိုက်ရသည့် သူတစ်ဦး။ အတိအကျဆိုရပါက အေပရွန်ကြီးနဲ့အလုပ်ရှုပ်နေသည့်ရိုဏ်းစျာန်။
"လွမ်းလေးအတွက် ဂုဏ်ပြုညစာလေးလုပ်ပေးချင်လို့ဆိုပြီး သူကိုယ်တိုင်ပြင်ဆင်နေတာလေ"
ဒေါ်မိမိကအပြုံးဖြင့်ပြောနေပေမယ့် လွမ်းကတော့ အံ့သြလို့မဆုံး။ သူက မိမိအတွက်ချက်ပြုတ်နေသည်တဲ့။ မီးဖိုခန်းထဲတခါမှမဝင်ဖူးတဲ့သူကလေ။
ရုတ်တရတ်..."အ့!!!"
အိုးပူလောင်သွားသည်ကြောင့် လက်ကိုကပြာကယာခါရင်း တရှူးရှူးဖြစ်နေသော ရိုဏ်းစျာန်အား လွမ်းကြည့်ရင်း ရယ်နေမိသည်။ သူ့ပုံစံက တကယ့်ကို ရယ်ချင်စရာပင်လေ။ လက်ကို မီးပူလေးနည်းနည်းထိတာကို အိုဗာတွေလုပ်ပြီး ခါနေတာ လက်ပါပြုတ်ထွက်တော့မယ့်အတိုင်း။ လွမ်းမပြောနဲ့ သားဖြစ်သူကိုကြည့်ပြီး ဒေါ်မိမိပါ ကိုယ့်နှဖူးကို ပြန်ရိုက်ရသည်အထိပင်။ ကိုယ့်သားအသုံးကျပုံလေးတွေကို ကိုယ့်သားမတ်လောင်းရှေ့မှာကြေညာပြသလိုဖြစ်သွားပြီကို။"သားဘဲသွားပြောလိုက်တော့ လွမ်းရေ အန်တီမြင်ယောင်နေတယ် မီးဖိုချောင်ဘယ်တော့ပြာကျမလဲလို့"
ဒေါ်မိမိကရယ်ရင်းပြောသည်။ သူမထွက်သွားသည်နှင့် လွမ်း ရိုဏ်းစျာန်ဆီသွားမိသည်။"အဲ့တာဘာလုပ်နေတာလဲ"
အနောက်ပါးမှအသံကြောင့် ရိုဏ်းစျာန် ဝမ်းသာအားရ ကြည့်မိသည်။
ESTÁS LEYENDO
Love Virus( Completed)
RomanceNo one can stop to love someone By Satan Starting date- 28.7.2020 Ending date- 10.11.2020