👀uni & zaw👀
"မသိချင်လည်း သိရမယ် ကိုယ် မင်းကို ချစ်တယ်"
ထိုသို့ပြောပြီးနောက် မင်းထည်ဝါ သူ့နှုတ်ခမ်းတို့ဆီကျူးကျော်မိသည်။ သည်တစ်ခါတော့ အရင်လို အကြမ်းပတမ်း မဟုတ်။ တကယ့်ကိုနူးညံ့စွာပင်။ ထိုအခါကျ မော်ကွန်းကိုယ်တိုင် မငြင်းဆန်မိသလို ရုန်းလည်းမရုန်းမိပါ။အတန်ကြာတဲ့အထိ နက်နက်ရှိုင်းရှိုင်း အနမ်းတွေခြယ်လှယ်ပြီးမှ မော်ကွန်း အသိဝင်သွားသည့်သူလို အလျင်အမြန် ဖယ်လိုက်ပါသည်။ နီမြန်းသော မျက်နှာက ဒေါသထွက်၍မဟုတ်။ မျက်စိရှေ့ကလူကိုလည်း မျက်လုံးချင်းမဆုံရဲ။ မျက်လွှာချ၍သာ အကြည့်လွှဲထားရသည်။
"ဒီလိုတွေမလုပ်ပါနဲ့တော့ဗျာ"
"ဘာလို့လဲ ကိုယ် မင်းကို ချစ်တယ်ဆိုတာမယုံလို့လား ကိုယ် မင်းယုံအောင် ဘယ်လိုသက်သေပြရမလဲ""မယုံတာမဟုတ်ဘူး မယုံချင်တာ" ထိုစကားအား မင်းထည်ဝါ၏မျက်လုံးကိုစိုက်ကြည့်ရင်း ပြောမိခြင်းပင်။ မင်းထည်ဝါကတော့ လက်မလျှော့သည့်ဟန်ဖြင့် ငြိမ်သက်စွာ ကြည့်နေမိ၏။
"ခင်ဗျား ကျွန်တော့ကို ဆက်မချစ်ပါနဲ့တော့ ခင်ဗျား အခုလို လုပ်တာ ခင်ဗျားတစ်ယောက်တည်းတင်မဟုတ်ဘူး ကျွန်တော်ပါ အခတ်တွေ့စေတယ် မဖြစ်နိုင်တာတွေကို ဆက်မတွေးပါနဲ့တော့ ကိုမင်းထည်ဝါ ဒီနေ့ဖြစ်ပျက်ခဲ့တာတွေအကုန်ရော ကျွန်တော်နဲ့ပတ်သက်တာတွေရော မေ့ပစ်လိုက်ပါ"
မျက်ဝန်းထဲဝယ် အရည်လဲ့လဲ့တွေရစ်ဝဲနေသည်ကို ကာယကံရှင်ကိုယ်တိုင်ရော သူ့မျက်ဝန်းတွေကိုကြည့်နေတဲ့ မင်းထည်ဝါကိုယ်တိုင်ရော သိသည်။ ထို့အတူ ထိုအရည်များ ပါးပြင်ထက်ပြိုမကျလာအောင် တင်းခံထားရသည်ကိုတော့ မင်းထည်ဝါဆိုတဲ့သူသိမည်မဟုတ်။
မော်ကွန်းကတော့ ပြောစရာရှိတာပြောပြီးပြီမို့ ကြမ်းပြင်ပေါ်မှာပြန့်ကျဲနေသည့် ပစ္စည်းများကို အလျင်အမြန် ပြန်ကောက်နေလိုက်သည်။ ထိုသို့အချိန်မှာဘဲ တင်းခံထားတဲ့မျက်ရည်က ပါးပြင်ကိုဖြတ်ပြီး ကြမ်းပြင်ပေါ်သို့ ပေါက်ခနဲ။
ကျစ်!!! သူ့ရှေ့မှာ မျက်ရည်မကျချင်ပါဘူးဆို....
စိတ်ထဲရေရွတ်ရင်း လက်ဖမိုးဖြင့် သူမသိအောင် အမြန်သုတ်ဖယ်လိုက်သည်။ ပြီးသည်နှင့် ထိုပစ္စည်းပုံကို သယ်လိုက်ပြီး သူ့ကိုတောင်တချက်လှည့်မကြည့်ဘဲ ထွက်သွားရန်ပြင်လိုက်သည်။

ŞİMDİ OKUDUĞUN
Love Virus( Completed)
RomantizmNo one can stop to love someone By Satan Starting date- 28.7.2020 Ending date- 10.11.2020