Ch-70

817 84 6
                                        

👀uni👀

"ကိုမော်ကွန်းငယ် ဒုဥက္ကဌက ကိုမော်ကွန်းငယ်ကို ရုံးခန်းဆီခနလာခဲ့ပါတဲ့"

မော်ကွန်း အလုပ်တွေရှုပ်နေတုန်း ဝန်ထမ်းတစ်ယောက်က အခေါ်ပါးခြင်းပင်။ မော်ကွန်းမှာ ဒုဥက္ကဌရာထူးကိုအလွဲသုံးစားလုပ်နေသည့်မင်းထည်ဝါအားတော်တော့်ကို ကြည့်မရဖြစ်နေပြီ။ သူနဲ့ချစ်သူဖြစ်ပြီးနောက်ပိုင်း သူ့ရုံးခန်းဆီအကြောင်းမရှိ တစ်နေ့ကို သုံးလေးငါးကြိမ်လောက်ခေါ်တော်မူနေတာ သိပ်တော့မဟုတ်တော့ပါ။

ယခုလည်း မသွားချင်ဘဲသွားရဦးမည်။ ဘာမှအရေးမကြီးပါဘဲ ခေါ်တာဆိုလို့ကတော့ သူနဲ့ကိုယ်တွေ့ပြီဘဲ။

"ဘာကိစ္စရှိပြန်ပြီလေ သူဌေး"
စုံလည်ခုံပေါ်မှာ အခန့်သားထိုင်နေသော ထည်ဝါအား မော်ကွန်းမျက်မှောင်ကြုံ့မေးလာသည်။ ကျင့်ဝတ်အရ အလုပ်နေရာမို့ သူနဲ့ကိုယ်ကြားဆက်ဆံရေးက​တော့မပျက်။

"ကိုယ့်ရဲ့ချစ်သူကိုကိစ္စရှိမှခေါ်ရမှာလား ငယ်"
ထည်ဝါကပြောရင်း ထိုင်နေရမှထကာ သူ့နားလျှောက်လာသည်။ မော်ကွန်းကတော့ အစတည်းကစိတ်ကိုကြိုတင်ပြင်ဆင်ထားသလို ပိုပြီးဒေါသထွက်လာသည်။

"ဒီမှာ ဒါ အလုပ်နော် ခင်ဗျားနဲ့ကျွန်တော့်ကြား အလုပ်မှာဘယ်လိုအနေအထိုင်ဆင်ခြင်ရမလဲဆိုတာ ပြောထား...."
ပြောရမယ့်စကားတွေပျောက်သွားသည်။ အကြောင်းမှာ မော်ကွန်း၏ခန္ဓာကိုယ်လေးအား တပတ်လှည့်လိုက်ပြီး နောက်ကျောကနေဖတ်ကာ ရင်ခွင်ထဲသို့ထည့်လိုက်​ခြင်းကြောင့်ပင်။ လှုပ်ရှားပုံကမြန်သည်ကြောင့် မော်ကွန်းမျက်လုံးတို့က ဝိုင်းစက်ကာ အံ့အားသင့်လျက်။

"ကိုယ်ကလွမ်းလို့ပါ"
ထည်ဝါကပြောရင်း အနောက်နေ မော်ကွန်း၏ လည်ပင်းကို ခပ်ဖွဖွနမ်းရှုတ်နေသည်။ အထိအတွေ့ကြောင့် မော်ကွန်းမှာကြယ်သီးပင်ထရ၏။

"လွှတ်ပါဗျာ ရုံးခန်းထဲမှာ ဘယ်လိုဖြစ်​နေတာလဲ သူများတွေမြင်ကုန်ရင်မကောင်းဘူး"

ခါးကိုဖတ်ထားသော ထည်ဝါ၏လက်အား အတင်းဖယ်ရှားပြီး ပြောနေသည့် မော်ကွန်း။ သို့ပေသိ ထည်ဝါကလွတ်မပေး။ လည်ပင်းသားတို့က ခပ်ဖွဖွနမ်းနေရာမှ စုပ်ယူမိသည်အထိ ပိုမိုကျူးကျော်လာသည်။

Love Virus( Completed)Hikayelerin yaşadığı yer. Şimdi keşfedin