Ch-12

915 128 5
                                    

👀Zawgyi👀

မော်ကွန်းငယ်တစ်ယောက် မိမိအလုပ်ချိန်ပြီးပြီမို့ အဝတ်လဲခန်းထဲတွင် အဝတ်လဲစေပြီး ကျောပိုးအိတ်ကို လွယ်ကာ ထိုနေရာမှထွက်လာခဲ့သည်။ ပင်မကလပ်နေရာ၏အပြင်သို့အထွက် ခုနက ဆိုင်တွင်းထဲမှာ ဆွဲလာရမ်းလာလုပ်သည့် လူ၏အုပ်စုနဲ့တန်းတိုးပါတော့သည်။ ထိုလူတွေက မော်ကွန်းအနားသို့ဝိုင်းလျက်ကပ်လာကြ၏။

“ခင်ဗျားတို့ ဒါဘာလုပ်ကြမို့လဲ ကျေးဇူးပြုပြီး ဖယ်ပေးကြပါ”

“အဟက် ငါက မင်းလိုလူရဲ့ပြောစကားကို ဘာလို့နားထောင်ရမှာလဲ” ခုနတည်းကဆွဲချင်နေသည့်ထိုလူက ဦးဆောင်ပြီးမော်ကွန်း၏ပခုံးကို ဆုပ်ကိုင်လာသည်။ မော်ကွန်းမှာတော့ ရုန်းကန်းနေ၏။

“တောင်းပန်ပါတယ်ဗျာ လွှတ်ပေးပါ” မော်ကွန်းတားနေသော်လည်း ထိုလူကတော့ လွှတ်မပေး။ မော်ကွန်းမျက်နှာနားတိုးကာ နမ်းရှုပ်ဟန်လုပ်နေသည်။ နီးကပ်လာသည့်သူကြောင့် မော်ကွန်းအလန့်တကြားဖြစ်လျက်သာ ထပ်မံတားဆီးမိလို့။

“ခင်ဗျားတို့လွှတ်နော် မူးနေရင် အေးဆေးနေကြပါ” မျက်လုံးတို့ကိုမှိတ်ထားမိလျက် ဆိုနေမိသည့်မော်ကွန်း။ လူက၄ယောက်နဲ့တစ်ယောက်မို့ မော်ကွန်း ဘယ်လိုမှမတုံ့ပြန်နိုင်။ ထိုလူ၏မျက်နှာသည်လည်း မိမိနဲ့လွန်စွာနီးကပ်နေလေပြီ။

“ဟေ့ရောင် မင်းတို့အဲ့တာ ဘာလုပ်နေကြတာလဲ”သြရှရှအသံကြောင့် မော်ကွန်းမျက်လုံးတို့ မျှော်လင့်စွာ ဖွင့်ကြည့်မိသည်။ ထိုလူတွေကလည်း အသံလာရာသို့လှည့်ကြည့်လာသည်။

“အော် ဘယ်သူများလဲလို့ Royal companyရဲ့ဆက်ခံသူကြီးကို” မော်ကွန်းအား ထိကပါးရိကပါးလုပ်သည့်သူက ထိုလူ့အားတွေ့တော့ ပြောလာသည်။ သူ့စကားကြောင့် မော်ကွန်းသေချာကြည့်မိသည်။ အမှန်တကယ်ကို ထိုလူပါလား။

“မင်းနဲ့မဆိုင်ရင် မပါ ပါနဲ့ ကိုမင်းထည်ဝါ” မင်းထည်ဝါအနားသို့သွားကာ ထိုလူစကားစလာတော့ မင်းထည်ဝါက မော်ကွန်းကိုတချက်ကြည့်သည်။ မော်ကွန်းမျက်နှာကတော့အကူညီလိုနေဟန်။ ထို့ကြောင့် မင်းထည်ဝါတချက်ပြုံးရင်း ထိုလူ့မျက်နှာနားတိုးကာ အေးဆေးစွာပြောလာသည်။

Love Virus( Completed)Where stories live. Discover now