👀uni & zaw👀ညစာအတွက်ချက်ပြုတ်ပြင်ဆင်နေသော လွမ်းတစ်ယောက် မီးဖိုးခန်းမှာတင်အလုပ်ရှုပ်နေသည်။ ထိုစဥ် အိမ်ရှေ့မှ ကားဝင်လာသံကြောင့် လုပ်လက်စကိုရပ်ထားရင်း ထွက်ကြည့်မိသည်။ ထင်သည့်အတိုင်း ရိုဏ်းစျာန်ပင်။ မှင်သေသေမျက်နှာပေးဖြင့် အိမ်ထဲဝင်လာသော သူ့အား လွမ်းဘက်မှပင် စကားစလိုက်သည်။
"ရိုဏ်းစျာန် မင်းအမေ ရောက်နေတယ်"
"အင်း သိတယ်" ထိုသို့သာဖြေပြီး လွမ်းအား ကြည့်ပင်မကြည့်ဘဲ ထွက်သွားသော ရိုဏ်းစျာန်ကို လွမ်း လိုက်ကြည့်မိသည်။အေးစက်စွာကျောခိုင်းသွားသော သူဟာ အရင်က မိမိကိုသိပ်ချစ်ပါတယ်ဆိုပြီး ပြောခဲ့သည့်သူလား။ သူ တကယ်ဘဲ အရှုံးပေးကျောခိုင်းသွားပြီလား။ ထိုသို့အတွေးတွေဝင်လာတော့ လွမ်းရဲ့ရင်ထဲဆစ်ခနဲ ခံစားရသည်။ လွမ်း ထိုသို့ တွေးနေတာနဲ့တင် တကိုယ်ကောင်းဆန်နေမိပြီထင်သည်။ တကယ်ဆို အရာအားလုံးက မိမိကြောင့်ဖြစ်တည်လာခဲ့သည်မဟုတ်လား။
......
ဒေါက်ဒေါက်
"မာမီ သားဝင်ခဲ့မယ်နော်"
မိခင်၏အခန်းထဲမဝင်ခင် ရိုဏ်းစျာန် ခွင့်တောင်းမိသည်။ အထဲမှ ဝင်စေလာခိုင်းတော့ အားမရှိသည့်သူတစ်ယောက်လို ဝင်လာမိသည်။ကုတင်စွန်းမှာ ထိုင်နေသည့်မိခင်ဖြစ်သူကို ကြည့်ပြီး ရိုဏ်းစျာန် ပြိုတော့မည့်မိုးလို့ မျက်နှာက မှိုင်းကျလာသည်။
"မာမီ...."တုန်ယင်နေသည့်အသံဖြင့်ခေါ်ရင်း မိခင်ဖြစ်သူထံ အပြေးတပိုင်းသွားမိသည်။ မိခင်ဖြစ်သူမှာလည်း သားအကြောင်းသိသည်ကြောင့် လက်ကိုဆန့်ထုတ်ထားပြီး ရင်ခွင်ထဲခိုလှုံရန် လမ်းကြောင်းပေးထားသည်။ ရိုဏ်းစျာန်မှာလည်း တစ်စုံတစ်ဦး၏ နှစ်သိမ့်ပေးမှုကိုလိုချင်နေသည်ကြောင့် ဒေါ်မိမိရင်ခွင်ထဲ တိုးဝင်ခဲ့သည်။ ထို့အတူ တင်းထားသည့်မျက်ရည်တွေမှာလည်း အလိုလိုကျဆင်းလာလို့။
"သား အဆင်ပြေရဲ့လား"
ရိုဏ်းစျာန် ငိုနေသည်ကိုတော့မရိပ်မိသေး။ သူ့ခေါင်းလေးအားအသာပုတ်ပေးရင်း ဒေါ်မိမိမေးမိသည်။
YOU ARE READING
Love Virus( Completed)
RomanceNo one can stop to love someone By Satan Starting date- 28.7.2020 Ending date- 10.11.2020