👀unicode👀
"မင်း ကလောသွားတာ ငါ့ကိုလည်း ဘာမှမပြောဘူး တော်တော်မကောင်းတဲ့ကောင်"
လွမ်းတစ်ယောက် အသံခပ်နွမ်းနွမ်းဖြင့် သူငယ်ချင်းဖြစ်သူ မှူးအခရာအား ကြိမ်းမောင်းနေတော့သည်။ သူ့အားစိတ်ဆိုးသဖြင့် ဝုန်ဒိုင်းကြဲပြီး ပြောပါမည်ဆို မိမိအခြေအနေကမဟန်ချင်။
*ဆောရီးပါကွာ ငါလည်း ချက်ချင်းကြီးသွားရတော့ မင်းကို မပြောမိတာပါ*
"အေး အဲ့တာဆိုလည်းပြီးရော ဒီပြန်ရောက်ရင် ငါ့ဆီလာဦး အဟွတ်အဟွတ်.." ပြောနေရင်းဖြင့် လွမ်းချောင်းပါဆိုးမိသည်။ သူဒီနေ့တကယ့်ကိုနေလို့မကောင်းဖြစ်ချင်နေသည်မဟုတ်လား။
*လွမ်း ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား*
မှူးစိုးရိမ်စွာဖြင့် မေးတော့ လွမ်းမှာ အသံငယ်လေးဖြင့် ဖြေလာရသည်။"ဟုတ်တယ် ငါ နည်းနည်းနေမကောင်းချင်ဖြစ်နေတာ အခုတောင် သင်တန်းနောက်တစ်ချိန်သွားဖို့တောင် မသွားနိုင်တော့ဘူး"
*အဲ့တာဆိုလည်း မသွားနဲ့လေ ဘာလဲ အခုမင်းက အပြင်ရောက်နေတာလား*
"အင်း ဟုတ်တယ် language classတက်နေတာ နေပူထဲကနေလာပြီး အဲယားကွန်းခန်းထဲနေလိုက်ရလို့လားမသိပါဘူး ပြီးတော့အိပ်ရေးပျက်တာလည်းများနေပြီလေ"
*အဲ့တာဆိုလည်း အိမ်ပြန်လိုက်တော့ အခြေနေပိုဆိုးမယ် မင်းကလေ ကိုယ့်ကိုယ်ကို ဂရုမစိုက်ဘူး စာတွေ ညဉ့်နက်တဲ့ထိလုပ်နေတာမလား*
ပွစိပွစိလုပ်ကာ ဆူပူနေသော မှူးမှာ မသိရင် သူ့အဖေကဲ့သို့ပင်။ ဖုန်းထဲမှ တတွတ်တွတ်မှာနေသော သူငယ်ချင်းဖြစ်သူ၏ စကားများကို နားပူစွာ နားထောင်လိုက်ရပြီးနောက်မှာတော့ ဖုန်းလေးလည်း ကျသွားခဲ့သည်။ ကိုယ့်ကိုယ်ကို မဟန်မှန်းလည်းသိသည်ကြောင့် အိမ်သို့ပြန်ရန်သာ စဉ်စားလိုက်သည်။ ထို့အတူ နောက်ထပ်ဖုန်းခေါ်ရန်ပြင်လိုက်မိသည်။
"ငါ ဒီနေ့သင်တန်းမလာဖြစ်တော့ဘူး ခွင့်တိုင်ပေးလို့ရမလား"
*....*
"နေသိပ်မကောင်းလို့ပါ...အင်း အင်း အဲ့တာဆို ဒါဘဲနော်"

KAMU SEDANG MEMBACA
Love Virus( Completed)
RomansaNo one can stop to love someone By Satan Starting date- 28.7.2020 Ending date- 10.11.2020