Ch-57

719 84 9
                                    

👀Unicode👀.

ဒီနေ့ မင်းထည်ဝါတစ်ယောက် မော်ကွန်းကို ဘာမှမပြောဘဲ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် အဝတ်စားများဝယ်နေသည်။ မော်ကွန်းမှာတော့ သူဝယ်သမျှပစ္စည်းများကို လိုက်ကိုင်ပေးနေရတာနဲ့တင် လက်တောင်မအားချင်။ ထို့ပြင် အဝတ်အစားများပါမက မုန့်ဘူးများ၊ အသီးအနှံများလည်းပါသေးသည်။ ဘယ်သူ့အတွက်လဲဆိုတော့လည်း ဘာမှမပြော။ ဒါသက်သက်မဲ့ မော်ကွန်းကို ခိုင်းစားနေတာ။ သူ့အိမ်အတွက် ဝယ်တာတောင် မော်ကွန်းအား တမင်ခေါ်ပြီး ခိုင်းစေနေသော ထည်ဝါအား မော်ကွန်း မကြည်ချင်တော့။ မျက်နှာလည်းရှုံ့မဲ့နေလေပြီ။

“ခင်ဗျား ဒီတစ်သက် ဝယ်လို့ပြီးဦးမှာလား”

မော်ကွန်းမှာ ဘေးမှနေပြီး အထုတ်များမနိုင့်တနိုင်မလျက် ထည်ဝါကိုပြောနေသည်။ ထည်ဝါကတော့ သူ့ကိုကြည့်ပြီး စိတ်ထဲရယ်ချင်နေမိသည်။

“အဟမ်း…ပြီးပြီ အခု ငါဗိုက်ဆာနေပြီ ဆိုင်တစ်ဆိုင်သွားရအောင်” ပြောရင်းဖြင့် မော်ကွန်းလက်ထဲက အထုတ်အချို့ကို ဆွဲကာ ဆိုင်တစ်ဆိုင်ဆီ ဦးတည်သွားသည်။ မော်ကွန်းကတော့ သူ့အား မျက်စောင်းထိုးလျက်။

“အစောတည်းက ကူဆွဲပေးရင်း ဘာဖြစ်မှာမို့လို့လဲ” နှုတ်မှ ပွစိပွစိလုပ်ရင်း လက်ထဲအထုတ်အချို့အား မကျေမချမ်းဆွဲကာ ထည်ဝါ့နောက်သို့ ပုဆိုးကြီးတကားကားဖြင့် လိုက်သွားလေသည်။ သူ့ပုံစံကို ဘေးကလူတွေမြင်ရင်း ရယ်ချင်စရာဖြစ်နေမည်မှာအမှန်ပင်။

……

ကိုရီးယားစားသောက်ဆိုင်အတွင်း မော်ကွန်းမှာ မျက်စိရှေ့က တည်ခင်းထားသော မမြင်ဖူးသည့် အစားအစာများကို ထိုင်ရှုနေသည်။ သူတကယ်ကို ဒီလိုအစားအစာတွေ မစားဖူးပါ။

“မစားဘူးလား”

“ဟို ဒါတွေက စျေးကြီးမှာပေါ့နော်”

မော်ကွန်း ကိုင်တောင်မကိုင်ရက်တာအမှန်။ ထည်ဝါကတော့ သူ့စကားကြောင့် တချက်ပြုံးရင်း ဟင်းတချို့အား မော်ကွန်း ပန်းကန်ထဲသို့ ခပ်ထည့်ပေးသည်။

“စျေးကြီးတာတွေဘာတွေက အရေးမကြီးပါဘူး အဓိကက ဗိုက်ဝဖို့ဘဲမလား”

Love Virus( Completed)Tempat cerita menjadi hidup. Temukan sekarang