Ch-62

706 80 12
                                        

👀uni & zaw👀

"အင်း ငါပြန်ရောက်နေပြီ မနေ့ကဘဲ"
"...."

"အိုကေ ဒီနေ့တွေ့ကြမယ်လေ ငါလည်း မင်းကို ပြောစရာတွေရှိသေးတယ်"

မှူးဖုန်းပြောပြီးသည်နှင့် ချလိုက်ကာ သက်ပြင်းခပ်ဖွဖွရှိုက်မိသည်။ ယခု မှူး သူ့အိမ်မှာဖြစ်သည်။ ကိုကိုကတော့ ဒီနေ့တည်းက အမှုကိစ္စအတွက်ဆိုပြီး အစောကြီးထွက်သွားလေပြီ။ မှူးသာ အိမ်မှာကျန်ခဲ့ခြင်းပင်။ ယခုလောလောဆယ် အမှုကိစ္စမပြီးမချင်း မေမေတို့ကို ဖွင့်ပြောလို့ရဦးမည်မဟုတ်သေးပေ။

"သား ဟိုမှာ နေရတာ အဆင်ပြေရဲ့လား" မှူး၏မိခင်က ဆိုဖာပေါ်တွင်ထိုင်နေသော မှူးဆီလာပြီး မေးလာသည်။ မှူးကလည်း အပြုံးငယ်ဆင်ရင်း

"ဟုတ် မေမေ ပြေပါတယ် သားကိုလေ အဲ့ကလူတွေက တအားဂရုစိုက်ကြတာ"

"ကောင်းတာပေါ့ကွယ်....မြူလေးကလည်း သားကို ဂရုစိုက်ပေးတာမြင်ရတော့ အမေ ဝမ်းသာနေပါပြီ" မေမေက ပြောတော့ မှူး ပြုံးမိသည်။ ကိုကိုက သားကို ဂရုစိုက်ပေးရုံမက သူ့အချစ်တွေပါ ပေးသည်ဆိုတာ မေမေတို့သိရင် ဘယ်လိုတုံ့ပြန်လိမ့်မလဲ။

......

မီးဖိုချောင်အတွင်း မနက်စာပြင်ဆင်နေသော လွန်းစေရာ။ ဒီနေ့တော့ ဦးမနိုးခင်တည်းက ထူးထူးဆန်းဆန်းအစောကြီးထပြီး ပြင်ဆင်နေခြင်းပင်။ ပေါင်မုန့်မီးကင်စက်ထဲ ပေါင်မုန့်ကို ထည့်ပြီး ကင်နေသည်။ ပြီးနောက် ထိုပေါင်မုန့်အားယူ၍ ထောပတ်တို့ကို အသေအချာ သုတ်ပေးနေသေးသည်။ နွားနို့ကိုလည်း ပြန်နွှေး၍ စနစ်တကျလုပ်နေပုံမှာ စေတနာတွေဗရပွနဲ့မှန်း သိသာသည်။ မျက်နှာထက်မှာလည်း ထိုသို့လုပ်နေရတော့ သွားကြီးကိုဖြီးလို့။ ယခု လွန်းပြင်ဆင်နေသည်မှာ လွယ်ကူနေလို့သာ သက်သောင့်သက်သာပြင်ဆင်နေတာဖြစ်သည်။

မီးဖိုပေါ် နွားနို့အိုးတင်ရင်း စောင့်နေတုန်း ရုတ်တရတ် ခါးကို ဖတ်တွယ်ခံလိုက်ရခြင်းကြောင့် လွန်းခန္ဒာကိုယ်လေးက တုန့်ခနဲ ဖြစ်သွားရသည်။ အနောက်ဘက်သို့ လှည့်ကြည့်မိတော့..

"အာ...ဦး နိုးပြီးလား"
"အင်း... ကလေးက ဘာတွေလုပ်နေတာလဲ" လျှမ်းက လွန်း၏ ပခုံးပေါ်မေးလေးတင်ရင်း ဆိုလာတော့ လွန်းကပြုံးသည်။

Love Virus( Completed)Onde histórias criam vida. Descubra agora