Ch-61

699 81 2
                                    

👀uni & zaw👀

ဒီနေ့ဆို မြူတို့ ကလောရောက်နေတာ ၁ပတ်လောင်ပင်ရှိနေပြီ။ အမှုကိစ္စကလည်း ဖြေရှင်းလို့ပြီးတော့မည်မို့ မြူတို့ ရန်ကုန်သို့ ပြန်ဖြစ်ကြသည်။ ပြန်ခါနီးတောင် ဒေါ်ကြီးရော ကျန်တဲ့သူတွေမှာ မှူးနဲ့မြူကို အလွမ်းသယ်လို့မဝပေ။ ထို့ပြင် လက်ဆောင်များလည်း တစီတတန်းထည့်ပေးသေးသည်။ မှူးမှာ ထိုသို့ခင်မင်ခွင့်ရပြီးနွေးထွေးမှုတွေခံစားရသည့် ထိုမြို့လေးအား မခွဲနိုင်တောင်ဖြစ်ရသည်။

"ကိုယ်တို့လက်ထပ်ပြီးရင် ဒီကိုထပ်လာရအောင်"
"ဗျာ!!"

ကားမောင်းနေရင်းနဲ့ပင် ပြောလာသော မြူ့စကားကြောင့် မှူး စိတ်လှုပ်ရှားသွားရသည်။ မှူး ကိုကို့အား ချစ်တာတဘဝလုံးစာရည်ရွယ်ထားတာမှန်၏။ သို့ပေမယ့် ယခုလိုလက်ထပ်မယ့်ကိစ္စကိုတော့မတွေးမိသေး။ မတွေးဆိုတာထက် မတွေးရဲတာအမှန်။

"ဒါပေမယ့် ကိုကို ဖေဖေတို့က...."
ဆက်မပြော။ ခေါင်းသာငုံ့နေမိသည်။ အသံတိတ်သွားသော သူကြောင့် မြူ စိတ်ပူစွာလှည့်ကြည့်မိသည်။ မှူးမှာ ပေါင်ပေါ်တင်ထားတဲ့လက်တို့ကိုအချင်းချင်း ဆုတ်နေပြီး တစ်စုံတစ်ခုကိုတွေးတောနေသည်။

"မှူး ကိုကိုပြောထားတယ်လေ အဲ့ကိစ္စကို မစိုးရိမ်နဲ့လို့"
မြူပြောတော့ မှူးလှည့်ကြည့်လာသည်။ စိတ်ပူနေသောမှူး၏မျက်ဝန်းအစုံကို တည်ငြိမ်နေသော မြူ၏မျက်ဝန်းအစုံက လွှမ်းမိုးစေသည်။ သူက မှူးအား ဘာကိုမှမကြောက်နဲ့ဆိုပြီး အားပေးနေဟန်။

"ဟုတ်ကဲ့ပါ ကိုကို" မှူးတုံ့ပြန်လာတော့ မြူက မှူး၏လက်ကို လှမ်းယူပြီး လက်ဖမိုးလေးကိုခပ်ဖွဖွနမ်းသည်။ ထိုအနမ်းက နွေးထွေးမှုကိုခံစားရသည်။

"ချစ်တယ်နော်"
မြူ့စကားဟာ မှူးရင်ထဲသိမ့်ခနဲ။ ထို့အတူ အပြုံးငယ်လေးလည်း ဆင်မြန်းထားမိသည်။ နှုတ်မှလည်း "ကျွန်တော်ရောဘဲ" ဟူသည့်အဖြေကို ရိုးရှင်းစွာဖြေမိသည်။

အဝေးပြေးလမ်းမထက် ပြေးနေသည့် ကားငယ်လေးအတွင်းထဲက ထိုလူသားနှစ်ယောက်သည် ထပ်တူကျနေသော ရင်ခုန်သံနှစ်ခုအား စီးချက်ကျကျ စေလွှတ်နေလေသည်။ အချစ်တို့ပြည့်နှက်နေတဲ့ ရင်ခုန်သံတွေနဲ့ပေါ့။

Love Virus( Completed)Donde viven las historias. Descúbrelo ahora