👀uni & zaw👀
ဧည့်ခန်း၏ဆိုဖာထက် ဘေးချင်းကပ် ထိုင်နေကြသည့် ဦးဘုန်းမာန်နဲ့သူ့ဇနီး။ သူတို့နှစ်ဦး၏မျက်နှာချင်းဆိုင်မှာတော့ မြူနဲ့မှူး ဘေးချင်ကပ်ရှိနေကြသည်။ ထို့ပြင် နှစ်ဦးလုံးခေါင်းကိုငုံ့ထားပြီးတစ်စုံတစ်ခုကိုပြောရန် အားထုတ်နေကြ၏။ လင်မယားနှစ်ယောက်ကတော့ သားနှစ်ယောက်အခြေအနေကိုအကဲခတ်လျက်ပင်။
"မင်းတို့ဘာပြောမို့ ငါတို့ကို ဒီလိုထိုင်ခိုင်းထားတာလဲ ပြောစရာရှိရင်လည်းမြန်မြန်ပြောလေ"
ဦးဘုန်းမာန်ကစိတ်မရှည်စွာစကားအစချီလိုက်သည်။ ထိုအခါမှ မြူက မျက်နှာအနည်းငယ် မှိုင်ပြရင်း ဦးဘုန်းမာန်နဲမျက်နှာချင်းဆိုင်၏။ ထို့အတူ မှူး၏ပေါင်ပေါ်တင်ထားသော လက်ကို အသာဆုပ်ကိုင်ပြီး အတူရင်ဆိုင်မယ်ဟူသည့်သဘောဖြင့် အားပေးရင်း မြူဘုန်းမာန် စကားစရန်ကြိုးစားလိုက်သည်။
"ကျွန်တော်နဲ့မှူး ချစ်သူတွေဖြစ်နေကြပါပြီ ဒယ်ဒီ"
"ဘာ!!!"
"ဘယ်လို!!"လင်မယားနှစ်ယောက်လုံး အံ့အားတသင့်အော်လိုက်မိ၏။ မှူးမှာ အခြေအနေကိုတွေးပူပြီး စိတ်ထဲမှာ စိုးရိမ်စိတ်တွေတိုးနေသည်ကြောင့်ခေါင်းပင်မမော့ရဲ။ မြူကတော့မှူး၏လက်ကိုတင်းတင်းဆုပ်ကိုင် အားတင်းထားမိသည်။ ဘယ်အရာကိုမှ ဂရုမစိုက်ဘဲလုပ်ချင်တိုင်းလုပ်တတ်သည့်မြူဘုန်းမာန်ဟာ ယခုတော့ မှူးဆိုတဲ့ကောင်ငယ်လေးနဲ့ခွဲရမလားဟူသည့် စိုးရိမ်စရာအတွေးတို့ဝင်လာသည်ကြောင့် ကြောက်စိတ်တွေဖြစ်နေမိသည်မှာအမှန်ပင်။
"သားတို့ကို ခွင့်ပြုပေးပါ ဒယ်ဒီ"
မြူက ပြောရင်း မှူး၏လက်ကိုလွှတ်လိုက်ကာ ကြမ်းပြင်ပေါ်မှာ ဒူးထောက်ထိုင်ချလိုက်၏။ သူ့လုပ်ရပ်ကြောင့် လင်မယားနှစ်ယောက်လုံးတင်မက မှူးပါ အံ့အားတသင့်ဖြစ်သွားရ၏။ တကယ့်ကိုရုတ်တရတ်ဆန်နေသည်မဟုတ်လား။ ဦးဘုန်းမာန်တို့လင်မယားနှစ်ယောက်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဘာပြောရမည်ကိုမသိတော့။
"မင်းအဲ့တာဘာလုပ်တာလဲ"
ဦးဘုန်းမာန်သည်လည်းအနေရခတ်စွာမေးမိသည်။ မြူကတော့ ဒူးထောက်ထိုင်လျက် ခေါင်းကိုလည်း ငုံ့ထားပြီး ပြောလာ၏။

YOU ARE READING
Love Virus( Completed)
RomanceNo one can stop to love someone By Satan Starting date- 28.7.2020 Ending date- 10.11.2020