Ch-64

700 77 9
                                        


👀uni & zaw👀

မော်ကွန်းငယ်အိမ်ပြန်ရောက်တော့လည်းထည်ဝါကဖုန်းတဂွမ်ဂွမ်ဖြင့် မနက်ဖြန်တွေ့မည်ကို ကြိုစီစဥ်နေသေးသည်။ မိမိ၏သူဌေးဖြစ်သူရဲ့စေခိုင်းချက်အရ မော်ကွန်းငယ် မနက်ဖြန်တော့ အလုပ်နားရမည်ပင်။ မနက်စောတည်းက ဘုရားသွားရန် လာခေါ်မည်တဲ့။ ထို့ကြောင့် စောစီးစွာထပြီး ပြင်ဆင်ရဦးမည်။ ထိုညက မော်ကွန်း စောစောအိပ်ဖြစ်သည်။ သို့ပေမယ့် တညလုံးအိပ်မပျော်ဘဲ တစ်စုံတစ်ယောက်၏အကြောင်းကိုသာတွေးနေသော မင်းထည်ဝါမှာတော့ ထိုညက ပန်ဒါတစ်ကောင်လိုဖြစ်နေသည်မှာအမှန်ပင်။ သူ မနက်ဖြန်အတွက် ရင်ခုန်နေသည်ကို သူတစ်ယောက်သာသိသည်လေ။

......

မနက်ခင်းအချိန်။

"သား မောင်မင်းထည်ဝါကို လက်ဆောင်တစ်ခုခုဝယ်ပေးလိုက်ပါဦး ရော့...လိုတာဝယ်လို့ရအောင်အမေ့ဆီကပိုက်ဆံယူသွား"

အမေက မင်းထည်ဝါအပေါ်ဆိုသိပ်ကောင်းသည်။ အမေတင်မဟုတ် အဖေရော ညီမလေးရော ထိုနည်းတူစွာပင်။ ဒါတောင်အငယ်လေးက ဘာမှမသိသေးတဲ့အရွယ်မို့လို့သာပင်။

"ရတယ် အမေ...သား ဘာလက်ဆောင်ပေးကမလဲစဥ်းစားထားပြီးသားပါ အခု သားသွားတော့မယ်နော် သူအောက်မှာစောင့်နေလောက်ပြီ"

ထိုသို့သာပြောပြီး အမေတို့ကိုနှုတ်ဆက်ကာ ကွန်ဒိုအောက်သို့ဆင်းလာလိုက်သည်။ အောက်ရောက်သည်နှင့် အပေါက်ဝတွင် ရပ်နေသည့်သူ့ကား။ ကားထဲသို့ဝင်တော့ ပြုံးနေသည့်မျက်နှာက ဆီးကြိုးလို့။

"ဘာတွေပျော်နေတာလဲဗျ" မော်ကွန်း မေးတော့ ထည်ဝါက သူ့ကိုခြေဆုံးခေါင်းဆုံးကြည့်ကာဆိုသည်။

"ဒီနေ့လည်း အရမ်းကြည့်ကောင်းနေလို့"
ထည်ဝါ့စကားကြောင့် မော်ကွန်း ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့်ရင်းခေါင်းကုတ်မိသည်။ စောစောစီးစီးအချီးကျူးခံလိုက်ရတော့ရှက်သွားသည်ဆိုပိုမှန်မည်။

"ကျွန်တော် ဝတ်ထားတာပုံမှန်ပါဘဲဗျ"
ဟုတ်သည်လေ အင်္ကျီရှပ်အင်္ကျီအဖြူလက်ရှည်နဲ့ကချင်ပုဆိုးအကွက်ဘဲဝတ်ထားသည်လေ။ အလုပ်သွားနေကျပုံပါပင်။ လက်တိုလက်ရှည်သာကွဲသွားတာ။ ဒါကိုဘယ်နေရာက အရမ်းတွေကြည့်ကောင်းနေသလဲ။ ထိုလူကတော့ ပြုံးလျက်ပင် ဘာမှမပြောဘဲ ကားမောင်းခြင်းသာစတင်နေသည်။

Love Virus( Completed)Where stories live. Discover now