Ch-53

720 90 24
                                    


👀unicode👀

“အဲ့ကောင်လေးနဲ့မင်းက ဘာတွေလဲ!!”

ဖခင်ဖြစ်သူ၏ စကားကြောင့် ထည်ဝါ ရင်ထဲထူပူသွားသလိုပင်။ ဦးမင်းသူရ ဘာအဓိပ္ပာယ်ဖြင့် မေးမှန်း ထည်ဝါကောင်းကောင်းသိသည်။ ထို့ပြင် ဦးမင်းသူရ၏မျက်ဝန်းတွေမှာလည်း အထင်သေးသည့် အရိပ်ယောင်တို့ကို ထည်ဝါတွေ့နေသည်။

“ဒယ်ဒီထင်နေသလို မဟုတ်ပါဘူး ပြီးတော့ အဲ့ကောင်လေးက အလုပ်ကြိုးစားတဲ့ကောင်လေးပါ”
ထည်ဝါက မော်ကွန်းဘက်မှ ကာပြီးပြောလာတော့ ဦးမင်းသူရ မျက်နှာတစ်ချက်မဲ့သွားပြီး ဟက်ခနဲရယ်လိုက်သည်။ ထိုရယ်သံက လှောင်ပြောင်နေသည်ဆိုတာ ထည်ဝါသိသည်။ ဦးမင်းသူရကတော့ စကားကိုဆက်ပြောလာသည်။

“မင်းက ဆင်းရဲတဲ့ကောင်တွေကိုတောင် တခါမှ အကောင်းမထင်ခဲ့တာ အခုကျမှ ဘယ်လိုစိတ်ပြောင်းသွားရတာလဲ သူက မင်းကို ဘယ်လိုများပြုစားလိုက်လို့လဲ”

ဦးမင်းသူရ၏စကားအဆုံး ကားသည်လည်း လမ်းဘေးမှာ ထိုးရပ်လိုက်လေပြီ။ နီမြန်းနေသော မျက်နှာဖြင့် ဦးမင်းသူရအား ထည်ဝါ ကြည့်နေမိသည်။ သူဒေါသထွက်နေသည်ဆိုတာ စတီယာရင်ကို အကြောထောင်တဲ့အထိ ဆုပ်ကိုင်ထားသော သူ့လက်တွေက သက်သေပြနေသည်။

“ဒယ်ဒီ!!တော်ပါတော့ မဟုတ်တာတွေလျှောက်မပြောပါနဲ့ သူက ဒယ်ဒီထင်သလိုလုံးဝမဟုတ်ဘူး”
မကျေနပ်စွာ ပေါက်ကွဲထွက်လာတော့ ဦးမင်းသူရ မျက်ခုံးတို့ပိုလို့ပင် တွန့်ချိုးလာသည်။ သူပြောသလို အမြဲလုပ် အမြဲနာခံတတ်သည့် မိမိသားက အခုတော့ ဘာမှမဟုတ်တဲ့အညတရ ကောင်လေးတစ်ယောက်ကြောင့် မိမိကို အော်တောင်အော်ပြောနေတတ်ပြီလား။ ထိုအခြင်းအရာဟာ ဦးမင်းသူရအဖို့ စိတ်ပျက်စရာအခြေနေပင် ဖြစ်နေလေပြီ။

“မင်းကို ပျိုးထောင်ခဲ့တာ ဒီလိုင့ါကို ခံပြောဖို့မဟုတ်ဘူး မင်းထည်ဝါ” ဦးမင်းသူရလည်း ဒေါသတကြီးဆိုလာတော့ မင်းထည်ဝါ ငြိမ်ကျသွားသည်။ ထို့နောက် ဦးမင်းသူရကတော့ ဆက်ပြောလာသည်။

“မင်းရဲ့အကျင့်တွေအချိန်ရှိတုန်း ပြန်ပြင်လိုက် ပြီးတော့ အဲ့ကောင်လေးကိုလည်း ငါ့စက်ရုံမှာမမြင်ချင်တော့ဘူး ဘယ့်နှယ်ကွာ ဘာမဟုတ်တဲ့ကောင်တစ်ယောက်အတွက်နဲ့များ တောက်!!!

Love Virus( Completed)Where stories live. Discover now