“သူတို့နှစ်ယောက်ကို တွေ့ပြီ ကိုဇွဲ”“အိုကေ ဒါဆို အချိန်ကောင်းရောက်တာနဲ့ အဲ့ကိစ္စကိုလက်စသက်လိုက်တော့” ဖုန်းထဲမှ ကိုဇွဲဆိုသူ၏အမိန့်နဲ့အတူ ဆိုင်ကယ်ဦးထုတ်ဆောင်းထားသည့် လူသုံးယောက်လုံး ကလောမြို့လမ်းမကြီးထက်က ကားတစ်စီးနောက်သို့ လိုက်ခဲ့ကြသည်။ ထိုကားလေးထဲမှ လူနှစ်ယောက်ကတော့ ဘာမှမသိကြသေး။ ကလောမြို့ထဲ လည်ပတ်နေသည်။ လက်နှစ်ဖတ်ကို အတူတွဲရင်းပေါ့။
………….
“မင်း ငါ့ကို သက်သက်မဲ့ အရွဲ့တိုက်နေတာလား မင်းထည်ဝါ” ဥက္ကဌဦးမင်းသူရ၏ရုံးခန်းအတွင်း ဟိန်းထွက်လာသည့် အသံအဆုံး လေထုကြီးက အေးစက်သွားသည်။ ထည်ဝါကတော့ မျက်နှာသေဖြင့်သာ နေနေသည်။
“ငါမေးနေတယ်လေ မင်းထည်ဝါ!!!”
“ဘယ်တုန်းကများ အရွဲ့တိုက်မိလို့လဲ ဒယ်ဒီ” ဦးမင်းသူရ၏ဒေါသကိုပင် ဂရုမစိုက်ဟန်လုပ်ပြနေသော မင်းထည်ဝါကြောင့် ဦးမင်းသူရ ပိုလို့ပင် မီးတောက်လာရတော့သည်။“မင်းကို အဲ့ကောင်လေးကို အလုပ်ထုတ်လိုက်ဖို့ပြောထားကို မင်းက ကုမ္ပဏီရဲ့အရေးကြီးအစည်းအဝေးကိုတောင် ခေါ်သွားပြီး ငါ့မျက်နှာကို အိုးမဲသုတ်ခဲ့တာလေ ဘာအဆင့်အတန်းမှ မရှိတဲ့ကောင်ကို ဒီလိုနေရာမျိုးခေါ်သွားတဲ့မင်းကို လူတွေဘာပြောနေကြလဲဆိုတာသိလား ငါ့ကိုရော ဘယ်လိုတွေထင်ကြမလဲဆိုတာ သိရဲ့လား”
“ဒယ်ဒီ့ကို ကျွန်တော် သတိပေးထားပြီးပြီနော် သူ့ကို စော်ကားတဲ့စကားလုံးတွေနဲ့ မပြောမိပါစေနဲ့လို့ ပြီးတော့ အဆင့်အတန်းဟုတ်လား ဟားးးဟားး ဘာအဆင့်အတန်းလဲ ငွေတွေဂုဏ်တွေရှိမှ အဆင့်အတန်းလို့ခေါ်တာလား”
“မင်း!!!” ထည်ဝါ၏စကားတွေကြောင့် ဦးမင်းသူရမှာ မျက်နှာကြီးနီရဲနေလေပြီ။ ထည်ဝါကတော့ဂရုမစိုက်စွာ သွားလိုက်ပါဦးမယ်လို့သာ ဆိုပြီး ဦးမင်းသူရ၏ အရှေ့မှ ထွက်သွားလေသည်။ ဦးမင်းသူရကတော့ နေရာတွင်သာ ဆွေ့ဆွေ့ခုန် ကျန်ခဲ့လေတော့သည်။
…………
ဟိုတယ်တစ်ခု၏စားသောက်ဆိုင်အတွင်းဝယ် လူနှစ်ဦးမျက်နှာချင်းဆိုင် တည်ရှိနေကြသည်။ အလယ်မှာ တည်ခင်းထားသော အစားအသောက်ကတော့ အရာမယွင်းသေး။ လေထုကတော့ တိတ်ဆိတ်နေသည်။ အတန်ကြာမှ မိန်းကလေးဘက်က စပြောလာသည်။

YOU ARE READING
Love Virus( Completed)
RomanceNo one can stop to love someone By Satan Starting date- 28.7.2020 Ending date- 10.11.2020