👀uni & zaw👀Royalလုပ်ငန်း၏ ဥက္ကဌရုံးခန်းအတွင်း လေထုကငြိမ်သက်နေသည်။ ဆိုဖာခုံနှစ်ခုပေါ် မျက်နှာချင်းဆိုင်အနေအထားတွင် မော်ကွန်းနဲ့ ဦးမင်းသူရ ထိုင်နေကြသည်။ မော်ကွန်းမှာ မိမိပေါင်ပေါ်လက်တင်ထားပြီး ခေါင်းကိုငုံ့ထားလျက် ငြိမ်သက်နေပြီး ဦးမင်းသူရမှာတော့ တည်တင်းသောမျက်နှာဖြင့် စိုက်ကြည့်နေ၏။ မသိလျှင် မော်ကွန်းက မဟုတ်တာ လုပ်ထားသည်ကြောင့် တရားခွင်မှာတရားခံစစ်နေသလိုပင်။ ထိုအတွေးနဲ့ပင် မော်ကွန်း ကိုယ်နေဟန်ပြင်ပြီး ဦးမင်းသူရနဲ့အကြည့်စုံစေကာစကားစရန် ကြိုးစားလိုက်သည်။ ဟုတ်သည်လေ မိမိက ဘာအပြစ်မှလုပ်ထားသည်မှမဟုတ်တာ။
"သူဌေး ကျွန်တော့ကို ဘာလို့ခေါ်တာလဲခင်ဗျ"
ရိုသေစွာပြောမိခြင်းပင်။ မော်ကွန်း မျက်နှာကို အတက်နိုင်ဆုံး ပြုံးမိအောင်နေသည်။ သို့ပေသိ ဦးမင်းသူရ၏မျက်နှာကြောင့် စိတ်ထဲစိုးရိမ်နေမိသည်မှာအမှန်။ ဦးမင်းသူရက မော်ကွန်းကိုမျက်နှာသေဖြင့်ကြည့်ရင်း ခြေချိတ်လိုက်သည်။ လက်တစ်ဖတ်ကိုလည်း ဆိုဖာလက်ရန်းပေါ် တင်ရင်း လက်ချောင်းတို့ကို လှုပ်ရှားနေသည်။ ဦးမင်းသူရအပြုအမူတိုင်းကို မော်ကွန်း သေချာကြည့်နေမိသည်။"ငါ မင်းကို ခေါ်တယ်ဆိုတာမင်းနဲ့အပေးအယူလုပ်ချင်လို့"
"ဗျာ...." နားမလည်သလိုကြည့်နေသော မော်ကွန်းအား ဦးမင်းသူရမှာ စူးစိုက်ကြည့်လျက်ပင်။ ပြီးနောက် ဆက်၍ ပြောလာသည်။"မင်းကို ငါ့ကုမ္ပဏီကနေ ထုတ်လိုက်ပြီ"
"ဗျာ...အန်ကယ်ဘာကိုဆိုလို..."
မော်ကွန်း တကယ့်ကိုနားမလည်တော့။ ရုတ်တရတ်ကြီး ဘာလို့ ယခုလိုလုပ်ရပါသနည်း။ ဦးမင်းသူရကတော့ နှုတ်ခမ်းတစ်ဖတ်တွန့်ကွေးလျက်ဆက်ဆိုလာသည်။"ငါ တည့်ဘဲပြောမယ် မင်းကို ငါ့သားနဲ့မပတ်သက်စေချင်ဘူး အဲ့တော့ မင်းကိုအလုပ်ထုတ်တယ် ဒါပေမယ့် စိတ်မပူပါနဲ့ မင်းအတွက်တန်ရာတန်ကြေးပေးမှာပါ"
"နေ နေပါဦး သူဌေး.... သူဌေးရဲ့သားနဲ့ဆိုတော့ မင်းထည်ဝါကိုပြောတာလား .... သူနဲ့ကျွန်တော်က ဘာဆိုင်လို့လဲ ပြီးတော့အလုပ်ထုတ်ရအောင် ကျွန်တော်ဘာအပြစ်လုပ်မိလို့လဲ"

KAMU SEDANG MEMBACA
Love Virus( Completed)
RomansaNo one can stop to love someone By Satan Starting date- 28.7.2020 Ending date- 10.11.2020