👀uni & zaw👀ကလောမြို့၏တစ်နေရာ။ တောင်တန်းတွေကြား စိုက်ခင်းများစွာဖြင့် လှပစွာတည်ရှိနေသည့်နေရာ။ လှေကားထစ်ပုံစံ စိုက်ပျိုးထားသည့် စိုက်ခင်းများမှာ တောင်ကုန်းပေါ်က အိမ်တစ်အိမ်၏ အောက်ခြေဝယ် အစီအရီတည်ရှိနေသည်။ အလုပ်သမားများမှာလည်း နေ့လည်ခင်းဘက် နေ့သိပ်မပူတော့သည့် ဒီလိုချိန်ဆို စိုက်ခင်းထဲ တလှုပ်လှုပ်ဖြင့် အလုပ်ရှုပ်နေကြသည်။
မြူဘုန်းမာန်နဲ့မှူးအခရာသည်လည်း ထိုစိုက်ခင်းဆီသို့ ဆင်းလာဖြစ်သည်။ အရင်ရက်တွေက အပြင်တွေလျှောက်သွားနေတာနဲ့ စိုက်ခင်းကို သေသေချာချာတောင်မကြည့်ဖြစ်ကြ။ ယခုတော့ နှစ်ယောက်လုံးဘေးချင်းယှဉ်တွဲလျက် လိမ္မော်သီးပင်များကို ကြည့်နေမိကြသည်။ ရွှေဝါရောင် တဝင်းဝင်းဖြင့် လှပနေသော လိမ္မော်သီးများသည် နေရောင်ခပ်ဖျော့ဖျော့အောက်မှာတောင် တောက်ပနေသည်။ ထိုသို့သောလက်လက်ဆက်ဆက်အသီးများကိုကြည့်ရင်း မှူးသဘောတကျဖြစ်နေမိသည်။“ကိုကို ရန်ကုန်မှာဝယ်စားဖူးတဲ့အသီးတွေတောင် ဒီလောက်မလှဘူးနော်” မှူးက အသီးတစ်လုံးကိုကိုင်ကြည့်ရင်း မြူကိုပြောတော့ မြူပြုံးမိသည်။ ဘာလို့ဆို လိမ္မော်သီးငယ်ကို ကြည့်နေသော မှူး၏မျက်နှာလေးက သိပ်ကို ကြည်လင်နေသည်မဟုတ်လား။
“ကိုကို ကိုကို့ကြီးကြီးက ဒီခြံကို ဘယ်ချိန်တည်းက စိုက်ပျိုးလာတာလဲဟင်”
မြူအား သိချင်သည့်မျက်ဝန်းတို့ဖြင့်မေးနေသော မှူးကြောင့် မြူ စိုက်ခင်း တစ်ခုလုံးကို အကြည့်ပို့ရင်း ဖြေဟန်ပြုသည်။
“ဒီခြံက ကိုယ့်အမေရဲ့မိဘတွေဖြစ်တဲ့ ကိုယ့်အဖိုးအဖွားတွေလက်ထပ်တည်းက ပိုင်ဆိုင်လာခဲ့တာလေ အဖိုးတို့ဆုံးသွားတော့ ပါ့ပါ့ကဘဲ ဦးဆောင်နေခဲ့တာ ကျန်တဲ့ ဦးလေးတွေအဒေါ်တွေကျတော့ သူတို့လုပ်ငန်းနဲ့သူတို့ အလုပ်တွေရှုပ်နေတာနဲ့ အမွေတွေခွဲတဲ့အချိန်မှာတောင် ပါ့ပါ့ကို ကြည်ကြည်ဖြူဖြူပေးခဲ့ကြတာ”
(A/N မြူက သူ့ကြီးကြီးကို ရှမ်းလိုပါ့ပါ့လို့ခေါ်တာပါအရှေ့မှရှင်းပြထားဖူးပါတယ်ဗျ)

YOU ARE READING
Love Virus( Completed)
RomanceNo one can stop to love someone By Satan Starting date- 28.7.2020 Ending date- 10.11.2020