အပိုင်း ၂၆ (အပိုင္း ၂၆)

729 85 7
                                    


"လူကြီးမင်းခေါ်ဆိုသည့် ဖုန်းမှာ လိုင်းမအားပါသဖြင့်..... ''
....ဟူသော အသံကြောင့် ခန်းမထဲသို့ ပြေးဝင်၍ ထယ်ယောင်းအား ရှာဖွေသည်။ အခန်းအတွင်း ဧည့်များ ပြန်နေကြပြီမို့ လူသိပ်မရှိတော့ပေမယ့် ထယ်ယောင်းအားမတွေ့၊ အခန်းအပြင်သို့ထွက်ကြည့်တော့ ဖုန်းပြောနေသည့် ထယ်ယောင်းကိုတွေ့ရသည်။
"Hyung'' ဟုအော်ခေါ်လိုက်သည်။

"......Zee...ငါအိမ်ပြန်တော့မယ်..ဖုန်းချလိုက်ပြီနော်''

ထယ်ယောင်းအနားသို့ ဂျုံးကု ရောက်သွားသည့်အခါ...လက်မောင်းကိုဆွဲလျက်... ''Hyung အိမ်ပြန်သွားပြီထင်နေတာ... ဖုန်းလည်းမကိုင်ဘူး...''

"အ...ဆောရီး ဂျုံးကု.. အကို ဖုန်းပြောနေလို့...မင်းအလုပ်ကိစ္စက ပြီးပြီလား..အကို ကားပေါ်မှာ စောင့်နေရမလား''

"ပြီးပြီ... မန်နေဂျာမင် နဲ့ စကားပြောဖို့ပဲ ကျန်တော့တာ ကျွန်တော့်ကို Hyung ကားပေါ်မှာပဲ စောင့်နေပေး လာခဲ့မယ်''

ထယ်ယောင်း ကားပေါ်မှာ ဂျုံးကုကို စောင့်နေတာ ၁၅ မိနစ်ကြာပြီဖြစ်လို့ ဂျုံးကု လာရာလမ်းကို ကြည့်မိနေသည်။ မြင်ကွင်းထဲမှာ ကုတ်အက်ျီရှည်ရှည်နှင့် ဂျုံးကုကို တွေ့လိုက်ရသည်။ ဂျုံးကု အနောက်မှာ မိန်းကလေးတစ်ဦးကိုတွေ့လိုက်ရသည်။

"အ..အား...''

ဒေါက်ဖိနပ်ခြေချော်ကာ ကားပါကင် ကြမ်းပြင်ပေါ် သို့ လဲကျသွားသည့် ယွန်းလေး...

ဂျုံးကုလည်း နောက်လှည့်ကြည့်ကာ ချော်လဲ၍ ထိုင်လျက်ဖြစ်နေသော ယွန်းလေးအား ကူညီပွေ့ထူလိုက်သည်။

"လမ်းလျှောက်လို့ ရရဲ့လား''

သူမ ခြေကျင်းဝတ်လည်သွားသည်ထင်ပါ့၊ မတ်တပ်ရပ်ရန် အခက်အခဲဖစ်နေလေသည်။

"အ...ဘယ်လိုပြောရမလဲ... ဘယ်ဘက်ခြေထောက်က အရမ်း နာသွားတယ်''

ကြမ်းပြင်ပေါ်ရှိ သူမ၏ ၆လက်မ ဒေါက်ဖိနပ်များအား ငုံ့ကြည့်မိသည်။ ဂျုံးကု တစ်ယောက် သက်ပြင်းချလျက်... ထိုဖိနပ်များအား ကောက်ကိုင်လိုက်ပြီး ယွန်းလေးအား သူမ၏ မန်နေဂျာ ကို ဖုန်းဆက်ရန်ပြောလိုက်သည်။

🌼 Sumairu 🌼 (Completed)Where stories live. Discover now