စနေ၊ တနဂ်နွေနေ့ ကျောင်းပိတ်ရက်ဆိုတော့...ထုံးစံအတိုင်း...ထမင်းဘူးတွေ လိုက်ပို့ရသည်၊
မေမေနှင့် ဒေါ်လေးစပ်တူဖွင့်ထားသည့် ထမင်းဆိုင်မှာ အလုပ်သမားများများ မခန့်ထားတာကြောင့် အချိန်ရရင် ရသလို ဝင်ကူညီပေးရသည်၊
အသင့်ထုပ်ပိုးထားသော ထမင်းဘူးများအား ယူ၍ စက်ဘီးခြင်းထဲ ထည့်လိုက်သည်၊"ဂျုံးကု... ဘယ်သွား မလို့လဲ''
"အာ...Hyung..
ထမင်းဘူး ပါဆယ်
သွားပို့မလို့...လိုက်မလား''"အင်းးစဥ်းစားနေတာ..အကိုက
ဒီပတ်ဝန်းကျင်ကို
သိပ်မရင်းနှီးသေးဘူးလေ
လိုက်ခဲ့မယ်..''ကျွန်တော့် စက်ဘီး ထိုင်ခုံမှာ ခွထိုင်လိုက်သည်၊
""ကုကုစံ..တို့...ထမင်းဘူးတွေ
အချိန်မီ ပို့ဦးနော်..လျှောက်သွား မနေနဲ့''''ဆိုင်ထဲမှ လှမ်းအော်နေတဲ့ အဒေါ် ယူမိ...
အရင်ကလည်း ပို့နေကြပဲကို..Hyung ပါမှ တမင်အော်တာ သတိထားမိသည်၊
မေမေ Mr.Kim ကို လက်ထပ်ကတည်းက အဒေါ်က သဘောကျဟန်မပေါ်...Hyung တို့ကို စိမ်းကားနေသည်...ဟုတ်ကဲ့ ဟုသာ ဖြေပြီး စက်ဘီးနင်းလာလိုက်သည်မှာ... ခါမို မြစ် (Kamo River) နားသို့ ရောက်ချေပြီ၊
"ဂျုံးကု... ကြည့်ဦး...လှလိုက်တာ
ဒီနေရာမှာ...ဓာတ်ပုံရိုက် ချင်တယ်''"ရိုက်မလား..ကျွန်တော်..
စက်ဘီး ရပ်ပေးမယ်လေ''"မဟုတ်သေးဘူး...မရပ်နဲ့..
အပြန်ကျ ဒီလမ်းကပဲပြန်မှာ မဟုတ်လား
အပြန်မှ ရိုက်ကြမယ်
ဂျုံးကု...အဒေါ်မှာလိုက်တာ
မေ့သွားပြီလား ''"ဟင်...Hyung တောင်
နိဟွန်း စကားတွေ နားရည်ဝနေပြီပဲ''
.
.
.
အော်ဒါစာရင်း အတိုင်း ထမင်းဘူးတွေ လိုက်ပို့ပြီးနောက်... ခါမို မြစ်နံဘေးသို့ ဦးတည်မိသည်
YOU ARE READING
🌼 Sumairu 🌼 (Completed)
Фанфик[Taekook] Started Date: 10 Oct, 2020 Ended Date: 11 Apr, 2021 Total Chapters = 44 + 5 Extras 💜💜💜 Unicode & Zawgyi