အပိုင်း ၃၉ (အပိုင္း ၃၉)

581 60 1
                                    

Unicode ***

ဂျုံးကု ဟိုတယ်မှာတည်းနေ စဥ်အတွင်း အွန်လိုင်းစာမျက်နှာအထက်၌ ထယ်ယောင်းအား ဝေဖန်တိုက်ခိုက်မှုများကို ဖတ်ကြည့်သည်။ ထယ်ယောင်းအတွက် သူလုပ်ပေးနိုင်သည်ထက်ကို ပို၍လုပ်ပေးမည်ဟု ဆုံးဖြတ်ထားလေသည်။ ပထမဆုံး စဥ်းစား မိသည်မှာ ၎င်းသတင်းများထပ်၍မတင်ရန် သတင်းမီဒီယာများကို ဦးစွာ ပိတ်ပင်တားဆီးရန်ဖြစ်သည်။
အနုပညာရပ်ဝန်းနှင့် နီးနီးစပ်စပ်လုပ်ကိုင်သူများမှ ကိုင်တွယ်လျှင်ပိုထိရောက်နိုင်သည်မို့ ဂျုံးကု အမမီယောင်းထံ ဖုန်းဆက်၍ အကူအညီတောင်းသည်။

"အမမီယောင်း သေချာလေး သတင်းတွေကို ပိတ်ဆို့ပေးပါ...ငွေသုံးဖို့ လိုအပ်တယ်ဆိုရင်...ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်း ပြောပါ...လိုအပ်တာတွေ ကူညီပေးပါ့မယ်...အကို ထယ်ယောင်းကို အထိအခိုက်နည်းစေချင်တယ်''

"မိုက်ကယ်လ်...အမတို့ အေဂျင်စီ ဘက်ကလည်း တားလို့ရသမျှ သတင်းမီဒီယာတွေကို ပိတ်ထားတယ်။ သတင်းက ပရိသတ်လက်ထဲရောက်သွားတော့ လိုက်တားဆီးဖို့ မလွယ်ဘူး...အခုချိန်အကောင်းဆုံးက ထယ်ယောင်းနဲ့ မိုက်ကယ်လ် အတူတွဲပြီးမတွေ့ဖို့ပဲ...ဒါမှ ဖန်တွေ ငြိမ်မှာ....အမဆိုလိုချင်တာ သိတယ်မဟုတ်လား''

ဂျုံးကု သက်ပြင်းချလျက် ဆံပင်များကို လက်ဖြင့် သပ်တင်နေမိသည်။

"ကျွန်တော် သဘောပေါက်ပါတယ်''

တဖက်တွင် ထယ်ယောင်း အိမ်မှာ တစ်ယောက်တည်း တိတ်ဆိတ်စွာနေနေမိသည်။ ဂျုံးကုနှင့် မတွေ့ရသည်မှာ ၃ ရက်ပင်ရှိလေသည်။ အေးစက်နေသည့်လေထုအတွင်း ထယ်ယောင်းအတွေးတို့ဖြင့်သာ ကြီးစိုးနေသည်။ အနားမှာအဖော်ပြုပေးမည့်သူ မရှိတာကြောင့် ခြောက်ကပ်နေသည့်တိုက်ခန်းအတွင်း ထယ်ယောင်းဆိတ်ဆိတ်ငြိမ်လျက်ရှိသည်။

ထယ်ယောင်း စိတ်ညစ်ညစ်နှင့် ၂ရက်ကြာအောင် ဖုန်းပိတ်ထားလိုက်သည်။ အွန်လိုင်းပေါ်ရှိသတင်းများမှာ ပျောက်မသွားသေး၊ ဆူညံလေ့ရှိသည့် ringtone သံမြည်တိုင်း ထယ်ယောင်း ဖုန်းမကိုင်၊  ဂျုံးကု နှင့် အမမီယောင်းထံမှ ဖုန်းကိုသာ ကိုင် လေ့ရှိသည်။

🌼 Sumairu 🌼 (Completed)Where stories live. Discover now