အပိုင်း ၁၆ (အပိုင္း ၁၆)

743 78 3
                                    

"ဟယ်လို....''

"ဟယ်လို.. ထယ်ယောင်း...အမ ဒီမနက်လာကြိုပေးရဦးမလား...မင်းကားနဲ့ပဲ ကြော်ငြာရိုက်ကွင်းကို လာမလား''

"ကျွန်တော် ဘာသာပဲ လာမယ် အမမီယောင်း''

"အေးအေး..အဲ့ဒါဆိုအမ လာမကြိုပေးတော့ဘူးနော်.. ကား ဂရုစိုက်မောင်းခဲ့နော် ထယ်ယောင်း''

"ဟုတ်..(nae)''

ဒီနေ့မနက်စောစော ကြော်ငြာရိုက်ကူးရေးရှိတာကြောင့် အိပ်ယာမှ အစောကြီး ထဖြစ်သည်။ မနက်စာ အတွက် ဂင်ချီထမင်းကြော်သည်၊ တစ်ယောက်တည်း နေသည်မို့ အတော်အသင့် ချက်ပြုတ်စားတတ်နေပြီဖြစ်သည်။  ရေနွေးကျိုကာ ချောကလက်ဖျော်ရည် ပူပူလေးတစ်ခွက် လုပ်သည်။ လက်ဆောင်ရထားသည့် black coffee ဘူးများရှိသော်လည်း ကော်ဖီမကြိုက်သည့်အတွက် ကျွန်တော် သောက်လေ့မရှိပေ၊၊

မနက်စာ စားပြီး နောက် အဝတ်အစားများလဲကာ ကားသော့ယူ၍ တိုက်ခန်းအောက်ထပ်ရှိ ကားပါကင်သို့ လှမ်းသည်။ ရိုက်ကူးရေးက ဆိုးလ်ရှိ စတူဒီယိုမှာပဲဖစ်လို့ ဒီနေ့ သိပ်ပင်ပန်းမည်မထင်၊ ဆယ့်ငါးမိနစ်ကြာ ကားမောင်းပြီးနောက် ကျွန်တော် ရိုက်ကူးရေးနေရာသို့ ရောက်သည်။

"ဒီနေ့က Skincare Product ဆိုတော့ မျက်နှာကို ကြည်ကြည်လင်လင်လေးနဲ့ တောက်ပတဲ့ပုံစံပြင်ပေးမယ်''

"ဟုတ်''

"ဒီနေ့ မျက်နှာလည်း ကြည်တယ်...ထယ်ယောင်းရှီ... သေချာဂရုစိုက်ထားတာပဲ''

"ဟုတ်တယ် အမရေ ကျွန်တော် အစားဆင်ခြင်နေရတယ်..အမမီယောင်း ဆို ကျွန်တော့်ကို ခေါက်ဆွဲတွေစားရင် ဆူတော့ မစားရဲဘူး''

"ထယ်ယောင်းရေ..''

မိတ်ကပ်ပြင်ခန်းထဲသို့ ရောက်လာသည့် အမမီယောင်း.....

"နေလည်ကျရင် အမတို့ ကြော်ငြာ Project တစ်ခုအတွက် စာချုပ်ချုပ်စရာရှိတယ်..ထယ်ယောင်း လိုက်ခဲ့ရမယ်''

"နေ့လည်စာ စားပြီးမှ သွားမှာလား အမ''

"မဟုတ်ဘူး...အဲ့ ကုမ္ပဏီက စာချုပ်ချုပ်မယ့်သူတွေနဲ့ တခါတည်း တွေ့ပြီး နေ့လည်စာ စားရမှာ''

🌼 Sumairu 🌼 (Completed)Where stories live. Discover now