{The Love time in England}
Unicode ***
(A/N အပိုင်း ၄၄ ပြီးနောက် Extra အခန်းပါ)
ဂျုံးကု ၏မေမေလေးတို့ အိမ်သို့ပြန်မလာခင် တစ်ပတ်အတွင်း ထယ်ယောင်းက အစစအရာရာ ဂျုံးကု အား အနီးကပ် ပြုစုစောင့်ရှောက်ပေးသည်။ ထယ်ယောင်း...ဂျုံးကုနှင့်အတူ ဆေးရုံပုံမှန်သွားကာ ဂျုံးကု အားဆေးကုသမှုခံယူစေသည်။
မနက်ခင်းများတွင် လေကောင်းလေသန့်ရစေရန် ဂျုံးကု ဝီးချဲလေးအား တွန်းကာ လမ်းလျှောက်ထွက်သည်။ မနက်စာ၊ နေ့လည်စာ နှင့် ညစာများကို ထယ်ယောင်းကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ပေးခဲ့သည်။
"Hyung ကျွန်တော်... လမ်းစမ်းလျှောက်ကြည့်ချင်တယ်''
"အခုလား''
"အင်း..ဆရာဝန်လည်း လမ်းနည်းနည်း စမ်းပြီးလျှောက်ကြည့်ဖို့ တိုက်တွန်းထားတယ်လေ..အရိုးက ဆက်နေသွားတာကြာ ပြီ အကြောတွေက အလုပ်မလုပ်သေးတာ...Hyung စိတ်မပူနဲ့''
"ဟုတ်ပါပြီ.. ခဏနေဦး...အကို ကြမ်းပြင်မှာ အခင်း ခင်းလိုက်ဦးမယ်''
ထယ်ယောင်း ဂျုံးကုအား ဝီးချဲမှ ကူညီတွဲထူကာ လမ်းစမ်းလျှောက်ရန် လက်ရန်းတန်းများဆီသို့ နီးကပ်စေသည်။
"ရပြီ အကို့ လက် လွှတ်တော့''
"လွှတ်ရတော့မှာလား..''
"အင်း ကျွန်တော် စမ်းကြည့်မယ်''
ထယ်ယောင်း မဝံမရဲဖြင့် တွဲထားသော ဂျုံးကုလက်မောင်းအား လွှတ်ပေးလိုက်သည်။
ရင်တမမဖြင့် ဂျုံးကု နောက်မှ ရပ်၍ ကြည့်နေရသည်။"အင့်....ဟူးးးး...အား...''
"ဂျုံးကု''
"ရသေးတယ်..အကို အဲ့မှာပဲနေ ကျွန်တော် လျှောက်လာခဲ့မယ်''
ဂျုံးကု သူ၏လက်များက လက်ရန်းတန်းများကိုအားကုန် ထောက်လျက် ထုံထိုင်းလေးလံနေသောခြေထောက်များက တစ်လှမ်းချင်း လှမ်းဖို့ရာ ခက်ခဲနေသေးသည်။ ဂျုံးကု အားတင်းကာ အံကြိတ်လျက်ပင် ခြေလှမ်းများကို ကြိုးစားလှမ်းရှာသည်။
YOU ARE READING
🌼 Sumairu 🌼 (Completed)
Fanfiction[Taekook] Started Date: 10 Oct, 2020 Ended Date: 11 Apr, 2021 Total Chapters = 44 + 5 Extras 💜💜💜 Unicode & Zawgyi