ထယ်ယောင်းတစ်ယောက် အိပ်ယာကနိူးတော့ ဘေးဘယ်ညာအား ကြည့်မိသည်။ မျက်နှာသစ်ပြီးသည်နှင့် မီးဖိုချောင်ထဲဝင်ကြည့်တော့ မနက်စာ အဆင်သင့်ပြင်ဆင်ထားသည်ကို တွေ့လိုက်ရသည်။ သို့ပင်မယ့် တွေ့နေကြ note စာရွက်ရောင်စုံလေးအား မတွေ့ရချေ။
ထယ်ယောင်း အေဂျင်စီ သို့ဝင်၍ အစည်းအဝေးတက်ပြီးနောက် Zee ၏ ပွဲသို့တက်ရန် အေဂျင်စီမှ ထွက်လာခဲ့သည်၊၊
ကားမောင်းနေတုန်း ဂျုံးကုထံ ဖုန်းဆက်လိုက်သည်။ တဖက်မှ ဖြေသံအား ပြန်မကြားရချေ။ သက်ပြင်း ခပ်တိုးတိုးသာ ထယ်ယောင်းချမိသည်။ရုပ်ရှင်မိတ်ဆက်ပွဲမစခင် ထယ်ယောင်း နားနေခန်းထဲသို့ လျှောက်လာခဲ့သည်။
"ထယ်ယောင်း ... ရောက်လာပြီလား''
ထယ်ယောင်း လက်ထဲက ပန်းစည်းအား Zee ထံသို့ ပေးလိုက်ပြီး ပြုံးရယ်ကာ နူတ်ဆက်လိုက်သည်။
"အင်း...ရော့ မင်းရုပ်ရှင်အတွက် ဂုဏ်ပြုပါတယ်...အောင်မြင်မှုတွေ အများကြီး ရပါစေ''
Zee တစ်ယောက် ပန်းစည်းအား လက်ခံယူပြီး လက်လှမ်းကာ ထယ်ယောင်းအား ပွေ့ဖက်လိုက်သည်။ ထယ်ယောင်းနားနားသို့ ကပ်လျက် ဖြေးညင်းစွာဆိုသည်။
"ထယ်ယောင်း..မင်းလာတာ ငါအရမ်းပျော်တယ်...ငါ မင်းမလာလောက်ဘူးလို့တွေးနေတာ''
ထယ်ယောင်း Zee ၏ ပုခုံးအား လက်ဖြင့် ပုတ်လျက်...'' ငါ လာမယ်ပြောထားတာပဲ... ငါ့သူငယ်ချင်းရဲ့ ပွဲပဲ လာရမှာပေါ့''... ဟုဆိုလိုက်တော့...Zee ၏ သက်ပြင်းချသံအား ကြားလိုက်ရသည်၊၊ ထယ်ယောင်း ဖက်ထားရာမှ ခွာလိုက်ပြီး Zee ၏မျက်လုံးများအား စိုက်ကြည့်ကာ ထပ်ဖြည့်ပြောလိုက်သည်။
"ဟန်ထယ်ဦး...မင်းက ငါ့ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပါ...
ငါတို့တွေ တက္ကသိုလ်အတူတက်ခဲ့တုန်းက မင်း ကူညီပေးခဲ့တာတွေ အားလုံးက ငါ့အတွက် တကယ် အားဖြစ်စေခဲ့တာပါ..
ထယ်ဦး မင်းက ငါ့အတွက် အမြဲ ဂုဏ်ယူရတဲ့ သူငယ်ချင်းကောင်း တစ်ယောက်အဖြစ်ပဲ ဆက်နေပေးပါကွာ''ထယ်ယောင်း၏ စကားလုံးများက ကြည်လင်ရှင်းလင်းနေပြီး... သူတို့နှစ်ယောက်၏ တည်ရှိနေမှု အဓိပ္ပာယ်ကိုပါ ပြတ်သားစေသည်။ Zee ၏ နာမည်ရင်းအား သိရှိသူ လူနည်းစုတွင် ထယ်ယောင်းပါဝင်သည်မို့ ဟန်ထယ်ဦး ဟုခေါ်သံကြားသည့်အခါ Zee ၏ ရင်ထဲ ခံစားမှုတစ်ချို့နှင့်အတူ မျက်ဝန်းများ စိုစွတ်ရစ်ဝဲ လာသည်။ Zee တစ်ယောက် ထယ်ယောင်းအား ပြုံးပြလျက် ပွဲအခမ်းအနား စင်မြင့်သို့ ဝန်ထမ်းများနှင့်အတူ လိုက်ပါသွားလေသည်။
YOU ARE READING
🌼 Sumairu 🌼 (Completed)
Fanfiction[Taekook] Started Date: 10 Oct, 2020 Ended Date: 11 Apr, 2021 Total Chapters = 44 + 5 Extras 💜💜💜 Unicode & Zawgyi