အပိုင်း ၂၂ (အပိုင္း ၂၂)

738 78 2
                                    


တိတ်ဆိတ်ငြိမ်သက်နေတဲ့ ထမင်းဝိုင်း...ပန်းကန်နှင့် တူ ထိရိုက်သံသဲ့သဲ့သာ ကြားရုံမှတပါး...ကျွန်တော်နှင့် Hyung ကြား စကားလုံးများပျောက်ရှလျက်....

"Hyung...''

တိတ်ဆိတ်နေတဲ့ Hyung မျက်နှာအား ကြည့်ကာ ခေါ်မိတော့....

"အကို စားလို့ပြီးပြီ...အရင်ထနှင့်မယ်''

"အ...ဟုတ်..Hyung ပန်းကန်ထားခဲ့လေ..ကျွန်တော် ဆေးလိုက်မယ်''

"ရတယ်...အကို့ဘာသာ ဆေးလိုက်တော့မယ်''

ညစာစားပြီးနောက် ကျွန်တော် ဧည့်ခန်းမှာ ထိုင်နေတဲ့ Hyung ဆီ သွားမိသည်။

"Hyung ကျွန်တော့်ကို စိတ်ဆိုးနေတာလား
ကျွန်တော် မနေ့က မူးလာလို့လေ''

"မဟုတ်ပါဘူး အကို အလုပ်ကြောင့် နည်းနည်း ပင်ပန်းနေလို့''

"Hyung ကျွန်တော် နှိပ်ပေးမယ် လေ''

Hyung ထိုင်သည့် နေရာနားသို့ ကပ်ကာ နှိပ်ပေးမည် ပြုတော့... Hyung ကိုယ်လုံးက ဆက်ခနဲ တုန်၍ အလန့်တကြား မတ်တပ်ရပ်လိုက်သည်။

"ရတယ်..အကို အိပ်လိုက်ရင် သက်သာသွားမှာ'' ဟုဆို၍ အိပ်ခန်းထဲသို့ ပြေးဝင်ရန်ပြုသည့် Hyung

"Hyung'' အသံ ခပ်ကျယ်ကျယ်အော်ခေါ်မိလိုက်သည်။
"Hyung ကျွန်တော့်ကို တမင်ရှောင်နေတယ်..ဘာလို့လဲ...မနေ့က ကြောင့်လား''

"မဟုတ်ဘူး...မတော်တဆဖြစ်တာပဲ ..အကို စိတ်ထဲမထားဘူး''
.... ဒါ ပထမဆုံး ဂျုံးကု ကို လိမ်ညာမိခြင်းပင်...

"အဲ့ဒါ မတော်တဆမဟုတ်ဘူးဆိုရင်ရော...Hyung ကျွန်တော့်ကို မုန်းမှာလား''

သက်ပြင်းချလျက် ဂျုံးကု ကို လှမ်းကြည့်မသည်။

"ဂျုံးကု.. အကို ပင်ပန်းနေပြီ.. အိပ်တော့မယ်...နောက်နေ့မှပြောရအောင်''

အိပ်ခန်းတံခါးပိတ်သံကြားလိုက်ရပြီး ကျွန်တော် နဲ့ Hyung ကြား စည်းခြားထားသည့်အလား... မွန်းကျပ်သော ခံစားချက်အချို့ဖုံးလွှမ်းလျက်.... သည်ည ကျွန်တော် Hyung အနှောက်အယှက်ဖြစ်မှာစိုး၍ ဆိုဖာခုံ၌သာ အိပ်စက်ခဲ့သည်။

သည်ရက်ပိုင်း Hyung ၏ စိမ်းသက်သက် အမူအရာများကို ခံစားမိသည်။ တမင်ရည်ရွယ်၍ ကျွန်တော့်ကို ရှောင်နေသည်။ နေ့လည်စာက စားချိန်ဆိုလည်း ကျွန်တော့်ကို ဖုန်းမဆက်တော့ပေ။ ညဘက်ဆိုလည်း အစောကြီး အိပ်ယာဝင်သည်။ အရင်ထက် ကျွန်တော့်တို့ကြား စကားလုံးတွေ နည်းသွားလေပြီ။

🌼 Sumairu 🌼 (Completed)Where stories live. Discover now