📳............💬
Kodaiji-Temple (ခိုဒိုင်းဂျိ ဘုရားကျောင်း) ရှေ့မှာ ဆုံမယ်... ၆ နာရီအရောက်လာခဲ့ကြ!!
ရေချိုးပြီး Hyung ဝယ်ပေးထားသော အဝတ်အစားများ လဲသည်။ ဗိုက်ဆာသည်မို့ မီးဖိုချောင်ထဲသို့ ဝင်ကာ ရေခဲသေတ္တာထဲက အသားညှပ်ပေါင်မုန့်ယူစားသည်။ ၄ နာရီခွဲ သာရှိသေးတာကြောင့် ချိန်းထားသည့်နေရာ မသွားသေးဘဲ မုန့်စားရင်း စာဖတ်သည်။
အခန်းထဲမှ ကပြာကယာထွက်လာသော Hyung ကိုတွေ့သည်။ ရှပ်အက်ျီ ပန်းနုရောင်ကို တံတောင်ဆစ်ထိ ခေါက်တင်ထားသည်။ အမည်းရောင် ဂျင်းဘောင်းဘီ ခပ်ကျပ်ကျပ်ကိုဝတ်လျက် ရွှေဝါရောင် ဆံပင်ဖွာဖွာများဖြင့် စတိုင်ကျနေသော Hyung အားငေးကြည့်မိ၏။
"Hyung...သွားတော့မလို့လား...စောသေးတယ် နော်....ဘုရားကျောင်း မီးထွန်းပွဲက ၆ နာရီမှ စမှာ''
"အွန်း...ဂျုံးကု... အကိုတို့ အုပ်စုက မိန်းကလေးသူငယ်ချင်းတွေကို ဝင်ခေါ်ပေးရဦးမယ်..အဲ့ဒါကြောင့် စောစောသွားမလို့''
"သြော်... (nae)..ဂရုစိုက်သွားပါ...Good Luck နော် Hyung''
" ကျေးဇူး ဂျုံးကု... ဘီယာ အဝတိုက်မှာနော်''
ရွှင်ပြသော မျက်နှာဖြင့် အိမ်မှ ထွက်သွားသော Hyung... သက်ပြင်းရှည်ရှည်ချမိသည်။ ရင်ထဲ တစ်ခုခုလစ်ဟာသွားသလို ခံစားချက်ကြီးက ကျွန်တော့်အား မွန်းကျပ်စေမို့ လျစ်လျူရူလျက် စာဆက်ဖတ်နေမိသည်။
ကျွန်တော်တို့ အထက်တန်းတတိယနှစ်သူငယ်ချင်း အုပ်စု လူစုံတက်စုံ ခိုဒိုင်းဂျိ ဘုရားကျောင်းသို့ရောက်ကြသည်။ ဂိတ်ပေါက်ဝ ဝင်ကြေးမှာ အလယ်တန်းကျောင်းသားဆို ယမ်း ၂၅၀ သာပေးရသော်လည်း ကျွန်တော် တို့သည် အထက်တန်း တတိယနှစ်ဖြစ်သည်မို့ လူကြီးစာရင်းဝင်သည်။ လူကြီးတစ်ဦးလျှင် ယမ်း ၆၀၀ မို့ ဂိတ်ဝင်ကြေးအား စုပေါင်းကာ ရှင်းကြသည်။ လူစုံအောင် စုခေါ်ရတာနှင့် ၆ နာရီပင်ကျော်ချေပြီ။
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
YOU ARE READING
🌼 Sumairu 🌼 (Completed)
Фанфикшн[Taekook] Started Date: 10 Oct, 2020 Ended Date: 11 Apr, 2021 Total Chapters = 44 + 5 Extras 💜💜💜 Unicode & Zawgyi
