"ဂျုံးကု... ကော်ဖီကြိုက်လား''
"ကြိုက်တယ်''
"အဲ့ဒါဆို အကို Black Coffee လုပ်ပေးမယ်''
အိပ်ယာကနိူးသည်နှင့် မျက်နှာသစ်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားသည့် Hyung..မနက်စာချက်ပြုတ်ရင်း အလုပ်ရှူပ်နေသည်။ ကျွန်တော် အိပ်ယာမှ ထကာ Hyung အနားသွားပြီး ဘာကူညီပေးရမလဲဆိုတော့ မနက်စာစားဖို့ အသင့်စောင့်နေဟု ဆိုသည်။ Hyung ပြင်ပေးသည့် မနက်စာလေးအား မျှော်ရင်း စားပွဲ၌သာ အသင့်ထိုင်လိုက်သည်။
Hyung ကျွေးတဲ့ မနက်စာ ကင်ချီထမင်းကြော်ပူပူလေးအား မြိန်ရှက်စွာ စားရင်း.. ဘလက်ကော်ဖီအားတမြုံ့မြုံ့သောက်လျက်.... Hyung မေးသမျှကိုဖြေသည်။
ကျွန်တော့်ရဲ့ PARADISE UK ကုမ္ပဏီ အကြောင်းများရှင်းပြရသည်။ ရုံးချုပ်မှာ ကျွန်တော်က Business Operation Manager တစ်ယောက်ဖြစ်သလို ရှယ်ယာဝင် တစ်ဦးလည်းဖြစ်သည်။ ရုံးချုပ်ကတာဝန်ယူရသည့် ကိစ္စ များကို ခတ္တ လက်လွှဲကာ ကိုရီးယား ရုံးခွဲသို့ အရောက်လာခဲ့သည့် အကြောင်း ပြောပြတော့ Hyung က သံသယမေးခွန်းများကို မေးတော့သည်။
"ဂျုံးကု... မင်း SK Group နဲ့ PARADISE UK ကကြော်ငြာ အတွက် အကို့ကို တမင်ရွေးတာလား''
အနည်းငယ် မှေးကျဥ်သော မျက်လုံးများဖြင့်...ကြည့်နေလျက်...
"မဟုတ်ဘူး Hyung... ကြော်ငြာ အတွက် မော်ဒယ်လ်က SG Group ကရွေးချယ်တာ...Hyung ဖြစ်နေမှန်း ကျွန်တော် ကိုရီးယား ရောက်လာမှသိခဲ့တာ''
"လိမ်နေတာလား''
" မလိမ်ပါဘူး Hyung ရယ် ကျွန်တော် ကိုရီးယားကို လာတာ Hyung ကိုရှာဖို့ ရည်ရွယ်ထားတာ...မမျှော်လင့်ဘဲ ထိတ်တိုက်ပြန်တွေ့လို့''
ကျေနပ်လောက်သည့် အဖြေမျိုးရကာမှ မျက်နှာက ကြည်လင်သွားသည်။ မနက်စာ အတူစားပြီးနောက် Hyung က အလုပ်လုပ်ချင်ရင် အေးအေးဆေးဆေး လုပ်နေဟုဆိုကာ Hyung တစ်ယောက် Home Decoration. စုံစမ်းမေးမြန်းရန် အင်တာနက်ပေါ် ၌ အာရုံစိုက်နေသည်။
ကျွန်တော်လည်း ဧည့်ခန်းရှိ ဆိုဖာ၌ လက်တော့ပ် ကိုဖွင့်၍ အလုပ်ကိစ္စများ စီစဥ်ရသေးသည်။ ရုံးချုပ်က အစီရင်ခံစာများကို ဖတ်ရသည်။ လုပ်ငန်းလည်ပတ်မှုအခြေအနေကို သုံးသပ်ပြီး ဆွေးနွေးရန် အချက်အလက်များစုဆောင်းသည်။ အလုပ်ထဲအာရုံနှစ်ထားသည်မို့ အချိန်ဘယ်လောက်ကြာသွားမှန်းမသိချေ။နာရီကိုကြည့်တော့ ၁၁ နာရီ...
YOU ARE READING
🌼 Sumairu 🌼 (Completed)
Фанфикшн[Taekook] Started Date: 10 Oct, 2020 Ended Date: 11 Apr, 2021 Total Chapters = 44 + 5 Extras 💜💜💜 Unicode & Zawgyi
